မတ်တပ်ရပ် ရှုးရှုးမပေါက်ရ

Friday, September 29, 2006

နော်ဝေနိုင်ငံက “Dvergsnes School” ဗါ့ဂ်စ်နက်စ် ကျောင်းမှာ ယောက်ျားလေးတွေမတ်တပ်ရပ် ရှုးရှုးမပေါက်ရလို့ စည်းကမ်းထုတ်ပြန်ထားပါသတဲ့။ ဒါကိုအကြောင်းပြုပြီးနိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်များကတောင် “ယောက်ျားလေးတွေ ဒီလိုပြုလုပ်တာသဘာဝဘဲဗျ။ ဒါကိုတားမြစ်တာက ဘုရားသခင်(ဖန်ဆင်းထားတာ)ကို ကဖျက်ကရက်လုပ်သလိုဘဲ။ မိန်းကလေးတွေလို ထိုင်စရာမလိုပါဘူး ဒါ လူ့အခွင့်ရေးပါဗျ။” လို့ပြောတာကို သတင်းစာတွေမှာဖော်ပြကြပါရောလား။ ကျောင်းအုပ် “Lise Jul” လစ်ဆယ်ဂျုလ် ကတော့ဘာမှ ပြန်မချေပ ဘူး။ ဒါပေမယ့် ရုပ်သံလွှင့်ဌာနမှာတော့
“ကျောင်းကအိမ်သာတွေဟာ ယောက်ျားလေး၊မိန်းကလေး အတူတူသုံးကြတာဖြစ်လို့
သန့်ရှင်းကောင်းမွန်စေချင်လို့ပါ။ ယောက်ျားလေးတွေဟာ
(အပေါ့သွားလျှင်)တည့်အောင်မချိန်နိုင်ကြဘူး။” လို့ပြောခဲ့ပါတယ်။
ဪလူ့အခွင့်အရေး…..လူ့အခွင့်အရေး……..
နော်ဝေ မူရင်းသတင်း
အင်္ဂလိပ်သတင်း


‘DD’

ဘလော့ဂါ၊ လူ့စိတ် နဲ့ %*^*(&^*&%*

Thursday, September 28, 2006
















အခုအချိန်၁၀မိနစ်လောက်ရတာနဲ့ Blogger NextBlog ခလုတ်ကိုနှိပ်လိုက်တာပထမ Spanish, နောက် Portuguese, German, Japan, English, Englishblogs တွေပေါ်လာတယ်။ နောက်ဆုံး တစ်ခုထဲက movie clip ကိုကြည့်မလို့ကလစ်လုပ်လိုက်တော့ ဖိုင်က bestsharing.com ဆိုတဲ့နေရာမှာပါကလား။ဒါနဲ့ဘဲ movie clip ကိုစိတ်မဝင်စားတော့ဘဲ Bestsharing site ကိုဘဲစိတ်ဝင်စားသွားတယ်။ ဪ လူ့စိတ်...လူ့စိတ်..။ ၁၂၅ မဂ္ဂါဘိုက် ၃ ဖိုင်တင်ခွင့်ရှိတယ်ဆိုပါလား။ Bestsharing site အကြောင်းကိုလည်းပြောရင်း (မသိသေးရင်ပေါ့)Biz Stone ရဲ့ "Genius Strategies for Instant Web Content" စာအုပ်ကိုတင်လိုက်တယ်။ Download လုပ်ပြီး မြည်းစမ်းကြည့်ကြပေါ့။ (စကားဝှက်: sirdee)

စာရေးသူကို တော့ ဗဟုသုတအသိဥာဏ်ငတ်မွတ်တဲ့ မြန်မာ ဘလော့ဂါတွေကိုIntellectual Property တွေ Copy right တွေ ခဏဘေးချိတ်ထားခွင်ံပြုပါလို့ပန်ကြားပါရစေခင်ဗျား။
စကားဝှက် တော့ထည့်ထားပါတယ်။
(NSL blog မှာလည်း ဖိုင်sharing site တွရှာဖွေတွေ့ရှိနိုင်ပါတယ်။)

'DD'

သံဗူးသွတ်အောက်စီဂျင်-Canned Oxygen












သံဗူးသွတ် ကုန်ပစ္စည်းတွေမြင်ဘူးကြမှာပါ။
Big Ox - နွားကြီး’ တံဆိပ် သံဗူးသွတ် ‘လေအနည်းငယ်ပါဝင်တဲ့အောက်စီဂျင်’ ကတော့အမြင်ဆန်းနေပါလိမ့်မယ်။
(Mountain)တောင်ရနံ့ နဲ့ (Tropical Breeze) အပူပိုင်းဒေသရဲ့လေပြေညင်းရနံ့ ဆိုပြီးတောင်ခွဲခြားထုတ်လုပ်ထားတာတွေ့ရပါတယ်။
လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးအတွက် အရေးပေါ်လိုအပ်ချက်တွေကြောင့် ‘နွားကြီး’
ကတော့အလုပ်ဖြစ်နေဦးမှာပါ။
(မြန်မာပြည်က ဘာလုပ်ငန်းမဆို ကိုယ်ဘဲလုပ်ချင်တဲ့သူတွေကို အညာသားကြီးများအကြိုက် ငပိရည်ကျိုရနံ့ ပလပ်စတစ်အိတ်သွတ် အောက်စီဂျင် စမ်းသပ်ထုတ်လုပ်ကြည့်ပါလို့ အကြံကောင်းလေးပါးပါရစေ။)

သုံးစွဲသူများခံဝန်ချက် နွားကြီးရဲ့အောက်စီဂျင်

'DD'

Yahoo-Microsoft migle IM services











Yahoo and Microsoft 'ရဟူး' နဲ့ 'မိုက္ကရိုဆော့ဖ်' တို့ဟာ သူတို့ရဲ့ Instant Messaging အမြန်သတင်းပို့ဝန်ဆောင်မှု နှစ်ခုကြားက (Microsoft live messenger နဲ့ Yahoo Messenger) တံတိုင်းကြီးကိုဖြိုချပြီး အဖွဲ့ဝင်သုံးစွဲသူတွေကို ယ္ခု ဗုဒ္ဓဟူးနေ့ကစတင်ပြီး ရောနှောချိတ်ဆက်တော့မှာဖြစ်ပါတယ်။ IM သုံးစွဲသူသန်း၃၅၀နီးပါးရှိတဲ့ ကမ္ဘာ့အကြီးမားဆုံး ပေါင်းစပ်မှုတစ်ခုပါ။သုံးစွဲသူတွေအနေနဲ့ နောက်ဆုံးထွက်ရှိတဲ့ 'ရဟူး' နဲ့ 'မိုက္ကရိုဆော့ဖ်' Yahoo and Live IMဆော့ဝဲကို ထည့်သွင်းအသုံးပြုရပါမယ်။ ('ရဟူး'သုံးသူ နဲ့ 'မိုက္ကရိုဆော့ဖ်'သုံးသူ အပြန်လှန် စကားပြောနိုင်တော့မယ့်သဘောပါ။) ဒီလင့်ခ်တွေ မှာ ဆော့ဖ်ဝဲတွေရှိပါတယ်။
http://messenger.yahoo.com/feat_interop.php
http://messenger.msn.com/

'DD'

Google Adsense နဲ့ကိန်းဂဏန်းများ

Wednesday, September 27, 2006

Google Adsense ကတဆင့် ၀င်ငွေအကောင်းဆုံးရရှိကြသူတွေ ကိုJohn Chow ကအင်တာနက်၊ ဆောင်းပါးတွေ၊ တွေ့ဆုံမေးမြန်းမှုတွေကတဆင့် ရှာဖွေစုဆောင်းတင်ပြထားပါတယ်။
Markus Frind: PlentyOfFish.com - $300,000 per month
Kevin Rose: Digg.com - $250,000 per month
Jeremy Shoemaker - Shoemaker.com - $140,000 per month
Jason Calacanis: Weblogs, Inc. - $120,000 per month
Tim Carter: Joel Comm - $24,000 per month
Shawn Hogan – DigitalPoint.com $10,000 per month

ဝင်ငွေကောင်းတဲ့ အခြားသူတွေလည်း ရှိနေနိုင်ပါသေးတယ်လို့ဆိုပါတယ်။
ရှာဘဲရှာ ရဘဲရနိုင်လိုက်ကြတာ။ မြန်မာနိုင်ငံက လူအများစုကတော့
၁နှစ်စုဆောင်းရင်တောင် ဒီလောက်ဝင်ငွေကို အိပ်မက်မက်နိုင်ပါ့မလား။
(အချို့ အကြောင်းကြောင်းကြောင့် ဘာအလုပ် လုပ်လုပ်သိပ်အဆင်ပြေ
နေကြသူတွေကို မရည်ညွှန်းလိုပါခင်ဗျာ။)
‘DD’

အဲလ်ဘတ် အိုင်းစတိုင်း ရဲ့ အဆိုအမိန့်အချို့

Tuesday, September 26, 2006

သဘောကျမိတဲ့ အဲလ်ဘတ် အိုင်းစတိုင်း ရဲ့ အဆိုအမိန့်အချို့…..
ခံစားမိသလိုပြန်ဆိုထားပါတယ်၊ နားလည်သလို ခံစားကြည့်ပါ။
(မူရင်းပါပူးတွဲဖော်ပြထားပါတယ်။)

ရည်မွန်တဲ့မိန်းမပျိုလေးတစ်ယောက်နဲ့ ၂နာရီ လောက်အတူထိုင်ရရင်တောင်မှ ၂မိနစ်လောက်ဘဲထင်ရတယ်၊ ပူခြစ်နေတဲ့ မီးဖိုပေါ် ၂မိနစ်လောက်ထိုင်ကြည့်ပါလား ၂နာရီလောက်ကြာတယ်ထင်ရမှာပေါ့။ အဲဒါ ရီလေတီဗတီ ‘Relativity’ ရဲ့သဘောဖြစ်တယ်။
"When you sit with a nice girl for two hours, it seems like two minutes. When you sit on a hot stove for two minutes, it seems like two hours that's relativity."

“အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဘို့ဆိုပြီးမကြိုးစားပါနဲ့၊ တန်ဘိုးရှိသူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။”
‘Try not to become a man of success, but rather, try to become a man of value.’

'DD'

ဘင်္ဂလားဒတ်ရှ် ရွေးကောက်ပွဲ

Monday, September 25, 2006

မကြာမီကျင်းပတော့မယ့် ဘင်္ဂလားဒတ်ရှ် ရွေးကောက်ပွဲမှာ တက်သစ်စလူငယ်တွေဟာ စတင်မဲပေးဘို့ တာစူနေကြပါပြီ။အခုမှစတင်မဲပေးခွင့်ရသူတွေအနေနဲ့ သူတို့ရဲ့ဆန္ဒတွေ အသံတွေ ရှေ့တန်းတင်ဖော်ကျူးနိုင်ကြပါပြီ။လူငယ်တွေတိုင်းပြည်ကို အဓိက နိုင်ငံရေးပါတီ နှစ်ခုဖြစ်တဲ့ (အတိုက်အခံ-‘အ၀မီအဖွဲ့ချုပ်’)နဲ့လက်ရှိအာဏာရ အမျိုးသား ဘင်္ဂလားဒတ်ရှ်ပါတီ တို့ရဲ့ လွန်ဆွဲပွဲကနေ ကယ်တင်နိုင်ဘို့ ဘယ်လောက်တက်ကြွကြမှာလဲ။အချိန်ကသာ စကားပြောပါလိမ့်မယ်။

လူငယ်တွေဘယ်လိုရင်ဖွင့်ထားတယ်ဆိုတာကို အင်္ဂလိပ်ဘာသာနဲ့ ဒီလင့်ခ် (link) မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။

'DD'

Free Web Applications, M & G battle...

Sunday, September 24, 2006

ဒီနေ့တော့ IT သတင်းလေး ပြန်ဆိုရေးသားဝေငှချင်ပါတယ်။
Googleကိုသူ့ရဲ့ပြိုင်ဘက်လို သဘောထားလာရပြီဖြစ်တဲ့ Microsoft ဟာကြော်ငြာတွေပါဝင်မယ့် Office Live ကို (online) လိုင်းတင်အခမဲ့ သုံးစွဲခွင့် ပေးလာနိုင်တော့မှာဖြစ်ပါတယ်။Outlook နဲ့ Web building ပရိုဂရမ်တွေ မထည့်တော့ဘဲ အဓိကဖြစ်တဲ့Word, Excel နဲ့ Powerpoint တို့ပါဝင်မှာ ဖြစ်ပါတယ်။
Google ကတော့ စာရင်းဇယားအတွက် Spreadsheet နဲ့ စာရိုက်တဲ့ Writelyတို့ ရှိနှင့်နေပါပြီ။
Microsoftဟာ ၂၅နှစ်ကြာထိ ဆော့ဖ်ဝဲ၀န်ဆောင်မှုဟာ ၀င်ငွေ အမြတ်အစွန်းကောင်းလွန်းတဲ့စီးပွားရေးလုပ်ငန်းဖြစ်ခဲ့ပါတယ်။ တကယ်တော့ Microsoft ကသူ့ရဲ့ Windows Live ကိုစတင်အကောင်အထည်ဖော်ဘို့အားထုတ်နေပေမယ့် '၀ဘ်' အခြေခံ (Web-based) ဆော့ဖ်ဝဲနည်းလမ်းတွေကတော့ သက်သေပြလို့မနိုင်အောင်များပြားလှပါတယ်။
၂၂ စက်တင်ဘာ ၂၀၀၆ Technewsworld.com ၀ဘ်ဆိုဒ် မှထုတ်နှုတ်ဝေငှပါတယ်။

'DD'

ရယ်စရာ....

Friday, September 22, 2006

သူငယ်ချင်းတစ်ယောက် share လုပ်တဲ့ ဟာသတစ်ပုဒ်ပါ။
မြန်မာလိုပြန်ရင် အနည်းငယ်ညစ်ညမ်းနေမှာစိုးလို့ မူရင်းအတိုင်း
ခံစားရယ်မောနိုင်ပါစေ။ 'DD'
------------------------- Story goes here --------------------------
The pastor entered his donkey in a race and it won.
The pastor was so pleased with the donkey that he entered in
another race and it won it also.
The local paper read:
"PASTOR'S ASS OUT FRONT."
The Bishop was so upset with this kind of publicity that he ordered
the pastor not to enter the donkey in any more races.

The next day the local paper headline read:
"BISHOP SCRATCHES THE PASTOR'S ASS."

This was too much for the Bishop, so he ordered the pastor to get
rid of the donkey.
The pastor decided to give it to a nun in a nearby convent.

The local paper, hearing of the news, posted the following headline:
"NUN HAS THE BEST ASS IN TOWN."
The Bishop fainted.

He informed the nun that she would have to get rid of the donkey so
she sold it to a farmer for $10.
The next day the headlines read:
"NUN SELLS ASS FOR $10."
This was too much for the Bishop, so he ordered the nun to buy back
the donkey and lead it to the high plains where it could run free.

The next day the headlines read:
"NUN ANNOUNCES HER ASS IS WILD AND FREE."
Alas .. the Bishop was buried the next day.
---------------------------------------------------------------------------------------
MORAL OF THE STORY???
Being concerned about public opinion can bring you much grief and misery
and even shorten your life. So, be yourself and enjoy life.
Stop worrying about everyone else's ass and you'll live longer.

Just sharing

Thursday, September 21, 2006

ဒီနေ့အလုပ်များလို့ ဘာblogမှ မရေးဖြစ်တော့ပါ။
Powerpoint Slideshow တစ်ခုတော့ဝေငှပါရစေ။
လူတွေရဲ့ကပေါက်ကချာဖြစ်မှုတွေ ကို
ကာတွန်းပုံလေးတွေနဲ့ တင်ပြပုံအတော်ကောင်းပါတယ်။
ဒီမှာ zip-file download လုပ်ပါ။

'DD'

Privacy အပိုင်း (၁)

Wednesday, September 20, 2006

Privacy ကို ကုန်သွယ်ရေးဝန်ကြီးဌာနကထုတ်တဲ့
“English/English/မြန်မာ” အဘိဓာန်မှာ
“အများတကာ၏မျက်ကွယ်ရာ၊ အများနှင့်မပါတ်သတ်ဘဲသီးခြားကင်းလွတ်နေခြင်း”
လို့ဆိုထားပါတယ်။ တကယ်တော့ privacy ဟာ ဒါထက်မကအဓိပ္ပါယ်ဆောင်ပြီး
အတိုချုပ်မြန်မာစာလုံးမတွေ့တဲ့အတွက် privacy လို့ဘဲသုံးပါရစေ။

Privacy ကိုဖွင့်ဆိုရာမှာ
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊အဖွဲ့အစည်းတစ်ခုရဲ့
ဘ၀၊ကိုယ်ရေး၊အတွင်းရေးကိစ္စ၊အချက်အလက်တွေကို
အခြားသူ၊အခြားအဖွဲ့အစည်းတွေ မသိရှိစေရန်ကာကွယ်ခြင်း၊
ထိန်းသိမ်းစောင့်ရှောက်ခြင်း (သို့) အများနှင့်မပါတ်သတ်ဘဲ
သီးခြားကင်းလွတ်နေခြင်း လို့ ဖြည့်စွက်ဖွင့်ဆိုနိုင်ပါတယ်။
Privacyကို လုံခြုံစိတ်ချရမှူရှူထောင့်ကနေရှူမြင်နိုင်ပါသေးတယ်။
လူတစ်ယောက်၊အဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်ရေးကိုယ်တာ
အခွင့်အရေးကိုမည်သူမျှဝင်မစွက်စေခြင်းဆိုရင်မှားမယ်မထင်ပါဘူး။

Privacy ရဲ့အရေးပါမှူ၊ အကောင်းအဆိုးနဲ့ ဘယ်လိုprivacyတွေ
ရှိတယ် သဘောတရားတွေ၊ဥပဒေအကာအကွယ်တွေကို
အလျှင်းသင့်သလို နောက်ပိုင်းတွေမှာကြိုးစားဖော်ပြသွားပါမယ်။

(အထက်ကကြောင်းအရာတွေဟာ စာရေးသူတစ်ဦးတည်းရဲ့
သိမြင်ပြန်ဆိုရေးသားချက်များသာဖြစ်ပြီး လိုအပ်ချက်များပါလျှင်
ဖြည့်စွက်ပြုပြင်ပေးနိုင်ပါတယ်။ )

‘DD’

Cancer--ကင်န်ဆာ

Tuesday, September 19, 2006

Cancer ကင်န်ဆာ ဟာသိပ်ကြောက်စရာကောင်းတဲ့ရောဂါဆိုးပါ။နှစ်
စဉ် လူ ၇-သန်း သို့ မဟုတ် ကမ္ဘာ့သေဆုံးမှူ ၁၂ ရာနှုံး ဟာ ကင်န်ဆာ ကြောင့်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကဆိုပါတယ်။ဒီ link မှာ http://www.who.int/cancer/en/ကင်န်ဆာ နဲ့ ပါတ်သတ်တဲ့ အချက်အလက်တွေ ဖတ်ရှုနိုင်ပါတယ်။
ဒီ link မှာ http://www.who.int/cancer/modules/en/index.htmlကင်န်ဆာထိန်းချုပ်ရေး-အသိပညာမှသည်အလေးပေးဆောင်ရွက်ရေးသို့  ဆိုတဲ့ကဏ္ဍမှာအပိုင်း၆ခုခွဲပြီး ကင်န်ဆာစမ်းသပ်၊ကာကွယ်၊ကုသ
....စတာတွေပါဝင်တယ်။
'DD'
မြန်မာနိုင်ငံကဆရာဝန်တွေကျန်းမာရေးဝန်ထမ်းတွေ Blog ရေးနိုင်ရင်သိပ်ကိုအကျိုးများမှာဘဲလို့  စဉ်းစားမိတယ်။

Bootstraping

Monday, September 18, 2006

Actually this is not my very first blog writing.
I had written socalled blogs and I paused doing it for a long time.
These days, I found a lot of burmese bloggers emerging like mushrooms.
(here, I will use the term "Burmese" because I want to.)
It is a good thing! Let me praise Burmese/Myanmar blogosphere as..

"an alternative environment for Burmese/Myanmar people where they can express, share and pent up their thoughts, news .....whatever useful for the society/community they loved".

Those blogs are very impressive and motivate me!
This is one of the reason I am willing to do it again.
Let say, my blog is just a small piece among those blogs.
(I will try to post my blog Burmese+English mixed sooner.)

'DD'

Blog share : Globalvoice Online