ဘလော့ဂ်ပြန်ရေးမိခြင်း

Tuesday, July 10, 2007

မောင်ဒီး ဘာလိုလိုလုပ်နေခဲ့တာကြာပေါ့။ သူများစာတွေလည်း မဖတ်ဖြစ်တာ
အတော်လေးကြာသွားတယ်။ ကြာဆို ၅လလောက်တောင်ရှိသွားပြီ။
(ဘာတွေလုပ်နေလဲတော့မမေးပါနဲ့တော့)
ဘလော့ဂ္ဂါတွေ (အသစ်တွေ၊ အဟောင်းတွေ)အများကြီးတွေ့ရတာကလား။
စာရေးဆရာ/ဆရာမတွေတောင်ပါတာတွေ့တယ်။ ဘာဘဲဖြစ်ဖြစ် အရမ်းအားရစရာ
ကောင်းတယ်။ အချို့များဆို template အပျံစား အမိုက်စားတွေနဲ့
ဂုရုကွေးစကား ခဏငှားသုံးရရင် “ဟိုက်...ရှားဘား” လို့အာမေဋိတ်ဘဲ
ရွတ်နိုင်တယ်။
ဧည့်သည်တစ်ယောက်ကဆိုရင်... “ဒီပုရွက်ဆိတ် အတော်အသက်ရှည်နေပါလား”
လို့တောင် မောင်ဒီးရဲ့ နောက်ဆုံးတင်ထားတဲ့ပို့်စ်ကို ရည်ညွှန်းနောက်ပြောင်သွားရဲ့။
လာအော်သွားတဲ့သူတွေလည်း အတော်များသား။
ကိုယ်ငြည်စတ် (ကိုညီဆက် ကိုစချင်လို့)တောင်မှ ပို့စ်တွေအများကြီးပြန်တင်ထား
တယ်။ သိတ်ဝမ်းသာတယ်။ စာတွေ ပိုပြောင်မြောက်လာသလိုဘဲ။
့မြန်မာပြည်မှာလည်း ဘလော့ဂ္ဂါသမဂ္ဂ.. အဲလေ ယောင်လို့ ဘလော့ဂ္ဂါအဖွဲ့ဆိုလား
ဆုံစည်းကြတာတွေလည်းကြားရသဗျား။ (ဘီယာဆိုင်မှဆိုလား.... အဲဒါဆို မောင်ဒီး
လည်း ပါဝင်ဆင်နွှဲလိုပါရဲ့ အဟီး...)။
ဘီယာဆိုလို့ အပြင်မှာလည်းမိုးကလေးအုံ့နေပါလား။ ရာသီဥတု ကိုယ့်ဘက်မှာ
ရှိနေရဲ့ ..(အလကားပြောတာပါ မောင်ဒီးမသောက်တတ်ပါဘူး...၀ိုင်းကောင်းမှပါ
occasional... social.. လောက်ပါဘဲ)။ မိုးအုံ့နေတယ်ဆိုလို့ လာလည်သွားတဲ့
မသဓါ ဆိုလား မသဒ္ဒါဆိုလား :)” သူမဘလော့ဂ်သွားလည်မိတော့မှ
ပုံတွေဝေဆာစွာနဲ့ ကဗျာတွေဖတ်ရင်း သက်ပြင်းတွေချမိရဲ့...
အာဇာနည်နေ့ရောက်လာပြန်ပြီ...
နိုင်ငံ့လွတ်လပ်ရေးအတွက်လုံးပန်းရင်း မသမာသူတွေရဲ့လက်ချက်ကြောင့်
အသက်ပေးသွားတဲ့ ခေါင်းဆောင်တွေအကြောင်းမောင်ဒီး စဉ်းစားမိတယ်။
ငယ်ငယ်တုံးက ဥသြသံတွေကြားရတဲ့ တခါတရံ မိုးကလေးစွေနေတတ်တဲ့
လူတွေစိတ်မချမ်းမြေ့ရတဲ့ ထိုနေ့ ရောက်လာပြန်ပြီ။
နိဗ္ဗာန်ဘုံကိုရောက်ရှိနေပြီဖြစ်တဲ့....အသက်ပေးသွားပြီးကိုယ်ကျိုးစွန့်သွားတဲ့ခေါင်းဆောင်တွေ
ကို ဘယ်သူမှမေ့နိုင်ကြမှာ မဟုတ်သလို... အသက်ရှင်နေလျှက် သူများတကာ
သွေးတွေချွေးတွေရင်းပြီး ခင်းထားခဲ့တဲ့လမ်းမှာ နောက်ကျောမလုံဘဲ ခပ်တည်တည်နဲ့
နိုင်ငံကိုကယ်တင် ထားသူများလို့ ဗြောင်လိမ်ဗြောင်စား အော်နေကြတဲ့
လူ့ဝဲစားတွေက တော့ ဒီ ၁၉ဇူလိုင် ရောက်လာတိုင်း စိတ်ခြောက်ခြားနေရဦးမှာ
အသေအချာပါဘဲ။

'DD'

(မောင်ဒီးဘလော့ဂ်ကို လာလည်သူများကို ကျေးဇူးတင်ပါတယ်)။

1 comments:

Yan said...

ဆီဘောက်စ်မရှိတဲ့ ကိုကြီးဒီးဒီးရဲ့ ဘလော့ဂ်ကို လာလည်ရင်း ကော်မန့်ဝင်ပွတ်သွားပါတယ် ခင်ဗျာ.

ကိုဒီးစာပြန်ရေးတဲ့အတွက်လည်း ၀မ်းသာပါတယ်. များများဆက်ရေးနိုင်ပါစေဗျာ.

နောက်တစ်ခါ ဘလော့ဂါအစည်းအဝေးကို ကျွန်တော်တို့ Online ကနေ လှမ်းတက်ကြတာပေါ့. ဟတ်ဟတ်ဟတ်

ခင်မင်လေးစားလျက်

ရန်အောင်