အခွန်? တာဝန်? အကြပ်ကိုင်ခြင်း?

Tuesday, January 23, 2007


နေနေနိုင်ရဲ့ဒီပို့စ်ကိုဖတ်မိတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်
နေကြတဲ့ ရွှေနိုင်ငံကမြန်မာနိုင်ငံသားတွေတိုင်းရင်းသားတွေဟာ အခက်အခဲတွေ
မျိုးစုံကြုံတွေ့နေကြရတယ်ဆိုတာ အားလုံးအသိဖြစ်တယ်။ အခွန်ဆိုလို့
မောင်ဒီးအရင်ရေးဘူးတဲ့ ရန်ကုန်စာတိုက်ကြီးမှာ ချောစာထုပ်သွားထုတ်တုံးက
ပေးခဲ့ရတယ် အခွန်ဆိုတာကိုလည်းပြန်သတိရနေမိတယ်။ မြန်မာနိုင်ငံ
ကပြည်သူ့ဝန်ထမ်းအတော်များများဟာ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း
ကိုလိုက်နာပြီးပြည်သူ့ကိစ္စကိုဆောင်ရွက်ပေးမယ်ဆိုတာထက် လုပ်ငန်းခွင်စတင်
ဝင်ရောက်ကတည်းက “လုပ်ပိုင်ခွင့်” ဆိုတာကိုစွဲကိုင်ပြီး ကိုယ့်ရဲ့ပုဂ္ဂလိကကိုယ်ကျိုး
ကိုသာအဓိကထားနေကြတယ်။ လုပ်ပိုင်ခွင့်နဲ့ လာဒ်ငွေ၊အခြားရစရာများများရနိုင်တဲ့
နေရာလုပ်ငန်းဌာနကိုခေတ်စကားနဲ့ “ခွင်” (ဂွင်လို့အသံထွက်တယ်)လို့ခေါ်ကြတယ်။
လူတစ်ယောက်ဟာ အရွယ်ရောက်လာလို့ အစိုးရဝန်ထမ်း(သို့)ပြည်သူ့ဝန်ထမ်းအလုပ်
ကိုလုပ်ဘို့ရွေးချယ်ရတော့မယ်ဆိုရင် ခွင် ဘယ်လောက်ကောင်းသလဲဆိုတာကိုအရင်
ကြည့်ကြတော့တယ်။ ပြီးရင်တော့ “အာဏာ” ဆိုတာကြီးပါလာရင် ပိုပြီးတော့တောင်ဆိုး
သပေါ့ဗျာ။ မောင်ဒီး ဘွဲ့လွန်သင်တန်းလေးဘာလေးတက်ခဲ့တုံးကသင်တန်းဖော်တွေနဲ့
အဖွဲ့လိုက်စာတမ်းတင်မယ်ဆိုတော့ မြန်မာနိုင်ငံအခွန်နဲ့ပါတ်သတ်တာကိုလုပ်ကြမယ်
လို့တိုင်ပင်ကြတယ်။ သတင်းအချက် အလက်ရှာကြမယ်ဆိုတော့ တိကျတဲ့လုပ်ပုံလုပ်နည်း
ထုံးစံတွေမရှာနိုင်ခဲ့ဘူး။ ယုတ်စွအဆုံး နိုင်ငံသားတွေသိထားသင့်တဲ့ အခွန်ဆိုတာနဲ့
ပါတ်သတ်တဲ့လက်စွဲ စာအုပ်တို့ စာစောင်တို့ဆိုတာတောင် မေးမြန်းရှာဖွေဘို့ အတော့ကို
မလွယ်ကူခဲ့ဘူး။(ရရှိနိုင်တဲ့အတွင်းကျကျနေရာတွေထိတော့ မောင်ဒီးတို့လက်လှမ်း
မမှီခဲ့ပါဘူး)။ အဲဒါနဲ့ အတိုပြောရရင် အခွန်အကြောင်းမလုပ်တော့ဘူးဆိုပါတော့ဗျာ။
မသိတဲ့အခါကျတော့ ဘာကြောင့် ဘယ်လိုဘဲတောင်းတောင်း ပေးနေကြရတော့ပေါ့။
မပေးရင်ဘာဖြစ်မလဲ...ဘာမှတော့မဖြစ်ပါဘူး....အဲ..တစ်ခုခုလုပ်ချင်လို့ အခွန်ပြေစာ
ပြကြရမယ်ဆိုလာရင်တော့ ပေးကိုပေးကြရတော့မှာပေါ့။ အဲဒါတစ်နည်းအားဖြင့်
အကြပ်ကိုင်တယ်လို့ခေါ်တယ်။ အင်း ကိုယ်ဘာလုပ်ရမယ်၊ ကိုယ့်ရဲ့နိုင်ငံသား
တစ်ယောက်ရဲ့ရပိုင်ခွင့် အခွင့်အရေး၊ တာဝန်ဝတ္တရား စတာတွေ တိတိကျကျ
မရှိသေးသ၍ မသိသေး၊မဖော်ထုတ်နိုင်သေးသ၍ ကျွန်တော်တို့ အကြပ်ကိုင်တဲ့
စံနစ်အောက်မှာ နေကြရဦးမှာသေချာပါတယ်။
အဲဒါ...ဘယ်လောက်တောင်ကြာကြာနေရဦးမှာလဲ....

'DD''

3 comments:

Anonymous said...

ကိုဒီးပြောသလို ကျနော်တို့တွေဟာ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်၊ အခွင့်အရေး ၊ တာဝန်ဝတ္တရား တွေကို တိတိကျကျမသိကြသေးပါဘူး။ အဲဒီတော့ လုပ်ပိုင်ခွင့် ဆိုတဲ့ဟာကြီးလက်ဝယ်ရှိနေတဲ့သူတွေရဲ့ အကြပ်ကိုင်မှုတွေကိုဆက်ခံနေရမှာပါ။ အဲဒီ နိုင်ငံသားတစ်ယောက်ရဲ့ `ခွင့်´ rights တွေကို နိုင်ငံသားတိုင်းသိရုံတင်မက ရသင့်ရထိုက်တာကို တောင်းဆိုနိုင်တဲ့ သတ္တိရှိအောင်အောင်လည်း ဖော်ထုတ်ရေးသားကြဖို့လိုပါတယ်။

သက်စံ said...

Sayar Dee Pyan Lar B :)

A random thoughts of a Burmese man said...

လုပ်ပိုင်ခွင့်နဲ့မူဘောင်များကို ကျနော်တို့ နိုင်ငံသားများ အနေနဲ့များများ သိဖို့လိုအပ်နေပါပြီဗျာ.....