မတ်တပ်ရပ် ရှုးရှုးမပေါက်ရ

Friday, September 29, 2006

နော်ဝေနိုင်ငံက “Dvergsnes School” ဗါ့ဂ်စ်နက်စ် ကျောင်းမှာ ယောက်ျားလေးတွေမတ်တပ်ရပ် ရှုးရှုးမပေါက်ရလို့ စည်းကမ်းထုတ်ပြန်ထားပါသတဲ့။ ဒါကိုအကြောင်းပြုပြီးနိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်များကတောင် “ယောက်ျားလေးတွေ ဒီလိုပြုလုပ်တာသဘာဝဘဲဗျ။ ဒါကိုတားမြစ်တာက ဘုရားသခင်(ဖန်ဆင်းထားတာ)ကို ကဖျက်ကရက်လုပ်သလိုဘဲ။ မိန်းကလေးတွေလို ထိုင်စရာမလိုပါဘူး ဒါ လူ့အခွင့်ရေးပါဗျ။” လို့ပြောတာကို သတင်းစာတွေမှာဖော်ပြကြပါရောလား။ ကျောင်းအုပ် “Lise Jul” လစ်ဆယ်ဂျုလ် ကတော့ဘာမှ ပြန်မချေပ ဘူး။ ဒါပေမယ့် ရုပ်သံလွှင့်ဌာနမှာတော့
“ကျောင်းကအိမ်သာတွေဟာ ယောက်ျားလေး၊မိန်းကလေး အတူတူသုံးကြတာဖြစ်လို့
သန့်ရှင်းကောင်းမွန်စေချင်လို့ပါ။ ယောက်ျားလေးတွေဟာ
(အပေါ့သွားလျှင်)တည့်အောင်မချိန်နိုင်ကြဘူး။” လို့ပြောခဲ့ပါတယ်။
ဪလူ့အခွင့်အရေး…..လူ့အခွင့်အရေး……..
နော်ဝေ မူရင်းသတင်း
အင်္ဂလိပ်သတင်း


‘DD’

0 comments: