Privacy အပိုင်း (၁)

Wednesday, September 20, 2006

Privacy ကို ကုန်သွယ်ရေးဝန်ကြီးဌာနကထုတ်တဲ့
“English/English/မြန်မာ” အဘိဓာန်မှာ
“အများတကာ၏မျက်ကွယ်ရာ၊ အများနှင့်မပါတ်သတ်ဘဲသီးခြားကင်းလွတ်နေခြင်း”
လို့ဆိုထားပါတယ်။ တကယ်တော့ privacy ဟာ ဒါထက်မကအဓိပ္ပါယ်ဆောင်ပြီး
အတိုချုပ်မြန်မာစာလုံးမတွေ့တဲ့အတွက် privacy လို့ဘဲသုံးပါရစေ။

Privacy ကိုဖွင့်ဆိုရာမှာ
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊အဖွဲ့အစည်းတစ်ခုရဲ့
ဘ၀၊ကိုယ်ရေး၊အတွင်းရေးကိစ္စ၊အချက်အလက်တွေကို
အခြားသူ၊အခြားအဖွဲ့အစည်းတွေ မသိရှိစေရန်ကာကွယ်ခြင်း၊
ထိန်းသိမ်းစောင့်ရှောက်ခြင်း (သို့) အများနှင့်မပါတ်သတ်ဘဲ
သီးခြားကင်းလွတ်နေခြင်း လို့ ဖြည့်စွက်ဖွင့်ဆိုနိုင်ပါတယ်။
Privacyကို လုံခြုံစိတ်ချရမှူရှူထောင့်ကနေရှူမြင်နိုင်ပါသေးတယ်။
လူတစ်ယောက်၊အဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်ရေးကိုယ်တာ
အခွင့်အရေးကိုမည်သူမျှဝင်မစွက်စေခြင်းဆိုရင်မှားမယ်မထင်ပါဘူး။

Privacy ရဲ့အရေးပါမှူ၊ အကောင်းအဆိုးနဲ့ ဘယ်လိုprivacyတွေ
ရှိတယ် သဘောတရားတွေ၊ဥပဒေအကာအကွယ်တွေကို
အလျှင်းသင့်သလို နောက်ပိုင်းတွေမှာကြိုးစားဖော်ပြသွားပါမယ်။

(အထက်ကကြောင်းအရာတွေဟာ စာရေးသူတစ်ဦးတည်းရဲ့
သိမြင်ပြန်ဆိုရေးသားချက်များသာဖြစ်ပြီး လိုအပ်ချက်များပါလျှင်
ဖြည့်စွက်ပြုပြင်ပေးနိုင်ပါတယ်။ )

‘DD’

0 comments: