Free Web Applications, M & G battle...

Sunday, September 24, 2006

ဒီနေ့တော့ IT သတင်းလေး ပြန်ဆိုရေးသားဝေငှချင်ပါတယ်။
Googleကိုသူ့ရဲ့ပြိုင်ဘက်လို သဘောထားလာရပြီဖြစ်တဲ့ Microsoft ဟာကြော်ငြာတွေပါဝင်မယ့် Office Live ကို (online) လိုင်းတင်အခမဲ့ သုံးစွဲခွင့် ပေးလာနိုင်တော့မှာဖြစ်ပါတယ်။Outlook နဲ့ Web building ပရိုဂရမ်တွေ မထည့်တော့ဘဲ အဓိကဖြစ်တဲ့Word, Excel နဲ့ Powerpoint တို့ပါဝင်မှာ ဖြစ်ပါတယ်။
Google ကတော့ စာရင်းဇယားအတွက် Spreadsheet နဲ့ စာရိုက်တဲ့ Writelyတို့ ရှိနှင့်နေပါပြီ။
Microsoftဟာ ၂၅နှစ်ကြာထိ ဆော့ဖ်ဝဲ၀န်ဆောင်မှုဟာ ၀င်ငွေ အမြတ်အစွန်းကောင်းလွန်းတဲ့စီးပွားရေးလုပ်ငန်းဖြစ်ခဲ့ပါတယ်။ တကယ်တော့ Microsoft ကသူ့ရဲ့ Windows Live ကိုစတင်အကောင်အထည်ဖော်ဘို့အားထုတ်နေပေမယ့် '၀ဘ်' အခြေခံ (Web-based) ဆော့ဖ်ဝဲနည်းလမ်းတွေကတော့ သက်သေပြလို့မနိုင်အောင်များပြားလှပါတယ်။
၂၂ စက်တင်ဘာ ၂၀၀၆ Technewsworld.com ၀ဘ်ဆိုဒ် မှထုတ်နှုတ်ဝေငှပါတယ်။

'DD'

0 comments: