တွေးဖြစ်သောအကြောင်းအချို့

Friday, October 06, 2006

တွေးဖြစ်သောအကြောင်းအချို့ဆိုလို့ အထွေအထူးတော့မဟုတ်ပါဘူး။
ယခင်ဖတ်ဘူးတဲ့ စာနည်းနည်းရယ် အတွေးတစ်ချို့ရယ်ပါ။
ဟိုတလောက ရန်ကုန်တက္ကသိုလ်ကို ရောင်းမလိုလို၊ငှားမလိုလို
သတင်းတွေတော့အကြားသား။ တကယ်ဆိုရင်တော့စိတ်မကောင်းစရာပါ။
ဒါကြီးက လွယ်လွယ်နဲ့တည်ဆောက်ခဲ့တာမှမဟုတ်ဘဲ။ လူထုဦးလှရေးသားခဲ့တဲ့
"ကျွန်တော်ဗျူရိုကရက်" ဆိုတဲ့ အတ္ထုပတ္တိပုံစံစာအုပ်ထဲမှာ ရန်ကုန်တက္ကသိုလ်ကို
ဆောက်ခဲ့စဉ်က တောင်သူလယ်သမားတွေရဲ့ချွေးနဲစာကိုလောင်းကစားဝိုင်းတွေဖွင့်ပြီး
မတရားအကောက်တွေရယူပြီးမှ ဖော်လံဖားတဲ့အနေနဲ့ အင်္ဂလိပ်ဘုရင်ခံအထိမ်းအမှတ်ပုံစံ
ဆောက်လုပ်ခဲ့တယ်လို့ဖတ်ရှုဘူးပါတယ်။ မြန်မာပြည်လွတ်လပ်ရေးသမိုင်းကြောင်းရဲ့
ပုံရိပ် တော်တော်များများဟာ ရန်ကုန်တက္ကသိုလ်ထဲမှာ အထင်အရှားရှိနေတယ်ဆိုတာ
ငြင်းလို့မရပါဘူး။ သစ်ပုတ်ပင်၊ အင်းလျား နဲ့ ဂျဒ်ဆင် ဆိုတာတွေက
ယနေ့ကျောင်းသားလူငယ်တွေနဲ့ မဆိုင်တော့သလိုပါဘဲ။
ဒါတွေနဲ့အတူ ပညာရေးစံနစ်ကြီးကလည်း ဝေဝါးနေပါတယ်။

'DD'

0 comments: