ဦးနှောက် စုနမိ

Thursday, October 26, 2006


အသက်ပါသွားမှာစိုးလို့
သက်ပြင်းတောင် မျှင်းမျှင်းဘဲချရ
ရေများတိုင်း မိုးရွာလို့မဟုတ်ပါ
ဘောင်ဘင်ခတ် ပြည့်နေတဲ့အိုးတွေရဲ့
ထိုင်နေလို့ ဘာမှဖြစ်မလာဘူးဆိုလို့
မထိုင်ဘဲနေမိတော့..(ငါ့မှာကွယ်)
လရောင်မရှိတဲ့ညမှာ
ဦးနှောက်တစ်ခြမ်း မြင့်တက်လာပြီး
နောက်တစ်ခြမ်းကို တိုက်စားသွားငဲ့
စားသွား…စားသွား..
ဦးနှောက်စားမှုအကြီးစား..
အဲဒါ..ဦးနှောက် စုနမိ (tsunami) ပေါ့ကွဲ့။

ဒီးဒုတ်
အောက်တိုဘာ ၂၀၀၆

0 comments: