မြောက်ကိုရီးယားရဲ့နျူကလီးယား

Monday, October 09, 2006








ကြည့်ပါဦးဗျာ…လူပုံစံကိုက…
နျူကလီးယားလက်နှက် မြေအောက်မှာအောင်မြင်စွာစမ်းသပ်ဖောက်ခွဲပြီးစီးသွားပြီဆိုပါလား။ (တောင်ကိုရီယားထောက်လှမ်းရေးအဖွဲ့တာဝန်ရှိတွေရဲ့အဆိုအရတော့ မနေ့ကမနက် ၁၀း၃၆ နာရီလောက်မှာစမ်းသပ်ခဲ့တယ်ဆိုပါတယ်)။ မြောက်ကိုရီးယားရဲ့ ဗဟိုသတင်းအဖွဲ့ကတော့ “ကိုယ်အားကိုယ်ကိုး ကာကွယ်ရေးစွမ်းရည်ရရှိတာဟာသမိုင်းဝင်ဖြစ်ကြောင်း ပြည်သူလူထုဝမ်းမြောက်ဖွယ်ရာသတင်းကောင်းပါးပါသည်” ဟုကြေငြာသကိုးဗျ။
နောက်ဘာတွေများဆက်လုပ်ဦးမလဲမသိဘူးနော်။



(Kim Jong-Ii ကင်ဂျုံအီ မွေးဖွားချိန် ၁၉၄၂ ဖေဖော်ဝါရီ ၁၆ရက် သူ့ရဲ့ဇာတိမှာ သိပ်တောက်ပတဲ့ကြယ်တစ်စင်းနဲ့ သက်တန့်နှစ်ခု တစ်ပြိုင်တည်းပေါ်ထွန်းခဲ့တယ်လို့ ပြုံယမ်းသတင်းအရဆိုထားပါတယ်။ လေ့လာသူတွေကတော့ သူ့ဖခင် စစ်အတွင်း ရုရှားမှာရှိနေစဉ် အဲဒီမှာမွေးတယ်ဆိုပြန်ပါတယ်။ US သမ္မတ ဘုရှ်ကတော့ pygmy လူပုကလေးလို့သမုတ်ဘူးပါတယ်။)



'DD'

3 comments:

NLS said...

ကျွန်တော်ကတော့ ဒီကင်ဂျုံအီကို သိပ်ကြိုက်တယ်ဗျ။

Anonymous said...

ကြိုက်လို့ရပါတယ်မောင်ရင်ရယ်..
Internetဘဲဟာကွယ်...
ကိုယ်ကတော့ သူ့အကြောင်းပြောချင်တာထက်
(...ကိုယ်ပြောချင်တိုင်းပြောလို့မရဘူးထင်တာနဲ့...)
ပြောလို့ရတဲ့ တော့ပစ် ကိုတင်တာပါ။

သက်စံ said...

ကျွန်တော်ကတော့ လုံးဝမကြိုက်ဖူးဗျ။ သူ့ပြည်သူတွေ ငတ်နေလို့ ။