လူသားမျိုးနွယ်ကွဲ ၂ခု…

Wednesday, October 18, 2006




လူသားမျိုးနွယ်ကွဲ ၂ခု…
အာလူးဖုတ်တာလား ဟောကိန်းထုတ်တာလားတော့မသိဘူး၊ ကျွမ်းကျင်ဆရာတွေကတော့ နှစ် ( ၁၀၀,၀၀၀)တစ်သိန်းအကြာမှာ လူမျိုးနွယ်စု ၂ခုအဖြစ်ကွဲပြားသွားလိမ့်မယ်လို့ဆိုသဗျ။ လူသားမျိုးနွယ်တိမ်ကောခြင်းရဲ့အစမတိုင်မှီကလေး၊(လူ့ဘဝကို)နည်းပညာကိုသာအမှီသဟဲပြုကြရတော့မယ့် နောင်နှစ်ပေါင်း၃၀၀၀လောက်မှာ ကမ္ဘာ့လူဦးရေအမြင့်မားဆုံးအချိန်လို့ လည်းဆိုထားသေးတယ်။ ချစ်ကြင်ဖော်ရွေးချယ်ရတာခက်လာပြီး လူမျိုးစိတ်ကွဲများပေါ်ထွန်းလာစေတော့မှာဖြစ်တယ်လို့ဖြည့်စွက်ပြောဆိုထားကြပြန်ပါသေး
တယ်။ မျိုးဗီဇအထက်တန်းစားများက ကျန်းမာသန်စွမ်းမယ်၊ဥာဏ်ပညာထက်မြက်ပြီးဆွဲဆောင်မှုရှိမယ်။ မျိုးဗီဇအနိမ့်စားများကတော့ ရွဲပြီးရုပ်ဆိုးမယ်၊ သရဲသဘက်လေးပုံပေါက်မယ်လို့ပြစ်ပြစ်နှစ်နှစ်ဆိုထားသဗျ။
ဒီထက်မကအသေးစိတ်တင်ပြချက်တွေက အတော်သွေးလန့်စရာကောင်းသဗျ။ စိတ်ဝင်စားရင်တော့
BBC-ဘီဘီစီရဲ့ဒီ link မှာဖတ်ကြပါ။


'DD'

2 comments:

boedawgyi said...

ဒီဖြစ်ရပ်ကြီးကကာကွယ်ဖို့လူသားတို့အရင်ဆုံးဒီနေ့စလုပ်ရ
မှာက..ချောအလှများကရုပ်ဆိုးများကိုသာယူရန်၊ဥာဏ်ကြီး
ရှင်များကငတုံးများကိုသာယူရန်ဂျပုများကအရှည်ကြီးများကို
သာယူရန်..ဟဲဟဲ

Anonymous said...

ဘိုးတော်ကြီး အိုင်ဒီယာက
မှတ်သားလောက်ပါတယ်လေ့..
မှတ်သားလောက်ပါတယ်ဗျ...
သစ်စ..အစ်စ..ဂွတ်ထ...ဂွတ်ထ..
(This is good ..good..လို့ပြောတာ...:D)