အီရတ်သံဝေဂ

Sunday, November 05, 2006


ဒီနေ့တီဗွီမှာသတင်းကြည့်နေရင်း ကြားဖြတ်သတင်းဝင်လာတာက “ဆက်ဒမ်ကို ကြိုးမိန့်ချလိုက်ပြီ” တဲ့။ (သွေးရူးသွေးတမ်းပုံစံမျိုးနဲ့ ဘုရားကိုတိုင်တည်နေသလိုမျိုး အော်ဟစ်နေတဲ့ ဆက်ဒမ်ကိုမြင်တွေ့ရတော့)စိတ်ထဲမကောင်းဖြစ်နေမိပါတယ်။ တချိန်က ဘုန်းမီးနေလတောက်လှပါတယ်လို့ကိုယ့်ကိုယ်ကို ထင်နေသူတစ်ယောက်ရဲ့ ကျဆုံးချိန်ဟာ ဒီလောက်ထိ ဆိုးရွားလှပါတယ်။ ကြိုးမိန့်သေဒဏ်ဆိုတာ အဆိုးဆုံး ပြစ်ဒဏ်ပါ။ အီရတ်နိုင်ငံတဝှမ်းက ရုပ်မြင်သံကြားစောင့်ကြည့်နေတဲ့ပြည်သူအများစုက ဒီသတင်းကိုလည်းကြားရော…ဘာပြောကောင်းမလဲ…လက်ခုပ်လက်ဝါးတီး အော်ဟစ်ကခုန်ကြပါရောလား။ (တချိန်က စုဝေးပွဲတွေမှာလည်း…ဆက်ဒမ်ရှေ့ကလူစုလူဝေးကြီးက ဒီလိုဘဲ လက်ခုပ်လက်ဝါးတီးကြိုဆိုခဲ့ပုံကို လည်းပြန်ပြပါသေးတယ်။… တိုင်းပြည်ကိုအာဏာနဲ့မတရားဖိနှိပ်အုပ်ချုပ်သူရဲ့ရလာဒ်ကို ထင်ဟပ်ပြချင်တဲ့သဘောနဲ့တူရဲ့..)။ ဘက္ကဒတ်မြို.သားတစ်ဦးက “ဒါ…သူနဲ့အထိုက်တန်ဆုံးပြစ်ဒဏ်ပေါ့” လို့ခပ်အေးအေးဘဲဆိုပါတယ်။
‘DD’

0 comments: