ဝဘ်ရဲ့အနာဂါတ်ကိုစိုးရိမ်နေသူ

Friday, November 10, 2006

“ကျွန်တော်တို့ဟာ ယခုဒီသတင်းအချက်အလက်ကွန်ယက်ကြီး
ဘယ်လိုတိုးပွားဖြစ်ထွန်းနေတယ်ဆိုတာကို နားလည်နိုင်စွမ်း
မရှိရင်တော့ ဆိုးဆိုးဝါးဝါးကိစ္စတွေနဲ့ ရင်ဆိုင်ရဘွယ်ရှိတယ်။”
Sir Tim Berners-Lee

ကမ္ဘာ့သတင်းအချက်အလက်ကွန်ယက်ကြီး WWW ရဲ့ဖခင်ကြီးလို့အသိအမှတ်ပြုခြင်းခံထားရသူ အင်္ဂလိပ်လူမျိုး
“ဆြာတင်ဘာနာစ်လီ--Sir Tim Berners-Lee” တစ်ယောက်တော့
သူစတင်ခဲ့တဲ့ WWWကြီးအတွက်ရတက်မအေးဖြစ်နေရပါပြီ။
သူစိတ်ပူပန်မိတာက အင်တာနက်ကိုသတိလက်လွတ်သုံးစွဲနေမှုတွေဟာ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေ (ဒီမိုကရေစီလမ်းကြောင်းကသွေဖီမှု၊ သတင်းအချက်အလက်မတိကျမမှန်ကန်မှု၊ စတာတွေ)
ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။
ဒါကြောင့် Tim ဟာ သတင်းကွန်ယက်တိုးတက်ဖြစ်ထွန်းမှုရဲ့
လူမှုရေးဆိုင်ရာနောက်ဆက်တွဲကိစ္စတွေကိုလေ့လာနိုင်ဘို့
web science research project -- သတင်းကွန်ယက်ပညာရပ်ဆိုင်ရာ
သုတေသနစီမံကိန်း တစ်ခုကိုစတင်လိုပါတယ်တဲ့။ သူရဲ့သုတေသနဟာ ကွန်ပျူတာသိပ္ပံဘာသာရပ်ထက်ပိုမိုတဲ့ကိစ္စတွေပါဝင်မှဖြစ်ပြီး တက္ကသိုလ်တွေမှာတွေ့ရလေ့မရှိဘူးလို့ဆိုပါတယ်။
သူဟာ လူမှုရေးနဲ့နည်းပညာ ကျိုးကြောင်းကိစ္စရပ်တွေကိုလေ့လာရာမှာ
စည်းစံနစ် ရှုထောင့်အဖြာဖြာကသုတေသနပညာရှင်တွေကို စည်းရုံးလေ့လာဘို့ ဆန္ဒရှိနေပါတယ်တဲ့။ ပိုပြီး နှစ်ထောင်းအားရစရာ စိတ်ဝင်စားဘွယ်တွေဖြစ်လာပြီး ဘာသာရပ်အသစ်တစ်ခုလို့လည်းဆိုပါတယ်။
*******************************************
source: ဘီဘီစီ ရဲ့ ဒီနေရာ မှာအသေးစိတ်ဖတ်ပါ။
“မြင်တွေ့မိတဲ့သတင်းတပုဒ်ကို နားလည်သလောက်ဘာသာပြန်တင်ပြခြင်းသာဖြစ်ပါတယ်ခင်ဗျာ”

‘DD’

0 comments: