ရေနံ၊စွမ်းအင် နဲ့သတိပြုစရာ

Thursday, November 16, 2006

ယခင်ကထက်ပိုပြီး ယခုမျက်မှောက်အချိန်မှာ အဆောတလျှင်ရှင်းလင်းဖြေကြားရမှာက
“သဘာဝတရားကြီးနဲ့ ငြိမ်းချမ်းရေးရဘို့ နိုင်ငံရေးဗျူဟာတွေမရှိသေးတာရယ်
ရေရှည်မလုပ်ဆောင်ခဲ့တဲ့ မပေးဆပ်ခဲ့တဲ့ကိစ္စတွေဟာ ဘာကြောင့်လဲ” ဆိုတာဘဲဖြစ်ပါတယ်။
ဒေါက်တာ ဟာမန်းရှီရာ

တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းလာရတာနဲ့အမျှ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ရာသီဥတု
ပျက်ရွင်းမှုဟာ အရေးပေါ်အခြေအနေနဲ့တွေ့ကြုံနေရတယ်။
အဲဒီတော့ “အဆောတလျှင်ဖြေရှင်းလုပ်ဆောင်ရမှာက ဖြစ်လာနိုင်တဲ့အကျိုးဆက်
ဆိုးရွားမှုတွေကိုသိဘို့ နဲ့ ကမ္ဘာကြီးအပူချိန်ကိုလျော့နည်းလာစေရန် တစ်ကမ္ဘာလုံး
အတိုင်းအတာနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကိုသိသိသာသာလျှော့ချပြစ်ဘို့”
..ဖြစ်ပါတယ်။
အယ်လ်ဂိုး

အထက်ကစာကြောင်းတွေက သဘာဝသယံဇာတစွမ်းအင်ကုန်ကြမ်းတွေထုတ်ယူသုံးစွဲမှုပြီးတော့ ဖြစ်လာမယ့်ဆိုးကျိုးတွေကို အချို့ပုဂ္ဂိုလ်များကသတိပေးထားတဲ့စကားများဖြစ်ပါတယ်။ သဘာဝသယံဇာတတွေထဲမှာ ရေနံဟာအဓိကအကျဆုံးသော စွမ်းအင်ကုန်ကြမ်းသယံဇာတတစ်မျိုးဖြစ်ပါတယ်။ (ဆက်စပ်နေတဲ့ သဘာဝဓါတ်ငွေ့ဟာလည်းအဓိကပါဝင်ပါတယ်။) လူတွေရဲ့နေ့စဉ် ရေနံနဲ့သဘာဝဓါတ်ငွေ့ တွေကို စွဲလမ်းလွန်းကြ(အသုံးအစွဲကြမ်းလွန်းကြ) တာကြောင့်သဘာဝသယံဇာတစွမ်းအင်ကုန်ကြမ်းတွေဟာ ယခင့်ယခင်တုံးက အနီးအနားမှာတင် မခက်ခဲဘဲရှာဖွေတူးဖော်နိုင်ခဲ့ပေမယ့် တချိန်ကျရင်ရှာဖွေလို့မရနိုင် လောက်အောင်ရှားပါးကုန်ဆုံးသွားတော့မှာပါ။(အခုတောင် ရှာရအတော်ခက်ခဲနေပါပြီ။) အဲဒီအချိန်မှာ နေရောင်ခြည်စွမ်းအင်ကို အဓိကထားသုံးစွဲရမှာဖြစ်တဲ့အကြောင်းကိုဒီပုံမှာပြထားပါတယ်။




*ဒီဝဘ်ဆိုဒ်*ကတော့
ရေနံနဲ့စွမ်းအင်ဆိုင်ရာ သတင်းတွေစုစည်းပေးထားပါတယ်။


'DD'

0 comments: