'Only 50 years left' for sea fish

Friday, November 03, 2006


ဘီဘီစီမှာဒီလို ရင်တုန်ပန်းတုန်ကိစ္စတွေ တွေ့ဘဲတွေ့နိုင်လွန်းတယ်။
လေ့လာတွေ့ရှိချက်တွေအရတဲ့ ဒီအတိုင်းဆက်သွားနေလို့ကတော့
ဒီရာစုနှစ်အလယ်လောက်မှာ (နောင်နှစ်ပေါင်း၅၀လောက်မှာ)
ပင်လယ်ငါးတွေ (အခြားရေသတ္တဝါတွေပါမယ်လို့တော့တိတိကျကျ
မပြောထားဘူး)မျိုးတုံးပျောက်ကွယ်တော့မယ်တဲ့။
(သူတို့ဘဲ ကြိုသိနိုင်လွန်းလိုက်ကြတာ...ဦးကဝိတို့ရယ်။ ဒို့ရွာမှာတော့
ဟိုဟာဒီဟာ တူးဆွရောင်းစားလိုက်...ဟိုအပင်ဒီအပင်ခုတ်ရောင်းလိုက်..
ဟိုဟိုဒီဒီ..ငါးလာဖမ်းခိုင်းလိုက်...ကုန်တယ်လို့မရှိဘူးဆိုဘဲ။)
“ဒီရာစုနှစ်ဟာ..ပင်လယ်စာစားသုံးမှု..နောက်ဆုံးရာစု” တဲ့ဗျ...
နည်းပညာတိုးတက်လာလို့...ပိုကြီးတဲ့သင်္ဘော..ပိုကောင်းတဲ့ပိုက်တွေ..
စက်ကိရိယာတွေနဲ့ ဖမ်းတာတောင် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ
ငါးရရှိမှုသိသိသာသာကျဆင်းလာတယ်ဆိုတာကို ကိန်းဂဏန်းတွေ
ပုံကားချပ်တွေနဲ့ ရှင်းထားသေးသဗျ။
တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့သမုဒ္ဒရာမျိုးစိတ်ကွဲတွေကို မပျောက်ပျက်
အောင်ကာကွယ်စောင့်ရှောက်ကြပါလို့ပြောထားပါသေးတယ်။
နောင်လာနောင်သားတွေ Seafood စားနိုင်အောင် ခုထဲက ဘာတွေလုပ်ကြမလဲ။
အများကြီးဆက်မရှင်းပြတတ်တော့ဘူးဗျာ...စိတ်ဝင်စားရင်တော့
*ဒီမှာသွားဖတ်*ပါ။ အခုတော့ တော်တော်စိတ်ညစ်သွားပြီဗျို့။

'DD'

2 comments:

မေ said...

ဒုက္ခပဲ၊ ကျွန်မက seafood အစားများတယ်။ ဒါပေမဲ့တော်ပါသေးတယ်လေ၊ ဒီကိစ္စတွေဖြစ်ဖို့က နဲနဲကြာသေးတာပဲ :D

Anonymous said...

ဟုတ်ပ...squid လေးကင်ပြီး..ငရုပ်သီးစိမ်းသံပရာသီးညှစ်အချဉ်လေးနဲ့..
ပြောရင်းတောင်သွားရည်တွေထွက်လာပြီ...ဂလု...