မီးခိုးငွေ့များအကြောင်း

Tuesday, November 14, 2006



ကလေးရေ…
ငါဟာဗီလိန်တစ်ယောက်မဟုတ်ခဲ့ပါဘူးကွဲ့
ယခင်ဟိုးရှေးရှေးတုံးက အနီးမှာနေခဲ့သူပါ။
ဘဝတွေဒီလိုနဲ့ မပြောင်းချင်ဘဲပြောင်းခဲ့ရ…

ကလေးရေ
ဒါဟာဒေါသမဟုတ်ပါဘူးကွဲ့
အဝေးရောက် ငါ့မျက်ရည်ကိုထိန်းထားနေရ
တစ်ခါတစ်ခါတော့ တိုးတိတ်ကျမိတာပ…
ကိုယ်ဟာ
အမြဲစိမ်း သစ်တောမဟုတ်သလို
ထာဝရစီးဆင်းနေတဲ့မြစ်တစ်စင်း
မဟုတ်ဘူးကွ…

ကလေးရေ
ကိုယ့်ကို မစွဲလမ်းကြပါနဲ့
တစာစာအော်ဟစ်မနေခဲ့ပေမယ့်
သဘောကောင်းလွန်းတဲ့
ရက်ရောသူတော့မဟုတ်ခဲ့ပါရ…

ဒီလိုနဲ့ ကိုယ့်ဘဝဟာ…
ဟိုပြောင်းဒီပြောင်း…
ခဲရည်ငွေ့ အမျိုးမျိုးပေါ့
တန်ဘိုးတွေတက်လာပေမယ့်
ဒဏ်ရာအနာတရနဲ့ကိုယ်ဟာ
မျှော်လင့်နေမိရဲ့
နောက်ဆုံးနေ့ရက်ထိတော့
မင်းကိုမြင်တွေ့နိုင်လိမ့်မှာပ။

ဒီးဒုတ်
နိုဝင်ဘာ ၂၀၀၆

0 comments: