Judge Okays Private File-Swapping

Wednesday, November 08, 2006


မကြာသေးခင်ယခင်သီတင်းပါတ်က စပိန်တရားသူကြီးတစ်ဦးရဲ့ “တကိုယ်ရေသုံးစွဲရန် ဖိုင်ဝေငှမှု-File sharing” ကိုခွင့်ပြုနိုင်မယ်လို့ချမှတ်တာဟာ သက်ဆိုင်ရာလုပ်ငန်းတွေကြားမှာမကျေနပ်စရာတွေ၊ ပြန်လည်ချေပစရာတွေ အုတ်အော်သောင်းနင်းဖြစ်ခဲ့ပါတယ်။ တရားသူကြီး ပက်ဇ်အယ်လ်ဒီကို ဟာ တရားစွဲဆိုခံရတဲ့ သီချင်းအတော်များများဖြန့်ဝေခဲ့သူ(အမည်မဖော်ပြ)တစ်ဦးရဲ့အမှုကို ပယ်ဖျက်လိုက်ပါတယ်။ တရားခံရဲ့ပြုမူချက်ဟာ အများသူငါလုပ်နေကျ လူမှုရေးထောင့်ကကြည့်ရင်လက်ခံနိုင်တဲ့ ပြုမူချက်တစ်ခုဖြစ်ပြီး ငွေကြေးအကျိုးအမြတ်မပါတဲ့ကိစ္စသက်သက်သာဖြစ်တယ်လို့လည်းဆိုပါတယ်။
စပိန်နိုင်ငံဟာ ဖိုင်ဖြန့်ဝေသုံးစွဲကြတဲ့ပင်မနေရာတစ်ခုဖြစ်ခဲ့တာ ကာလအတော်ကြာခဲ့ပါပြီ။ ယခုလိုစီရင်ချက်ချမှတ်လိုက်တာကြောင့်ဒီအလေ့အထကိုပိုမို
အားပေးအားမြှောက်ပြုစေတယ်လို့ဆိုပါတယ်။ ဒီစီရင်ချက်မတိုင်ခင်ယခင်နှစ်များက မူပိုင်ခွင့်ဟာအသာစီးနေရာမှာရှိခဲ့လို့ စီဒီတွေရောင်းပန်းလှခဲ့ရပါတယ်။ IFPIရဲ့ကိန်းဂဏန်းများကိုဆန်းစစ်တဲ့အခါမှာ အသင့်သွင်းထားတဲ့ CD လိုပစ္စည်းတွေရောင်းအားဟာ ၂၀၀၁လောက်ကစပြီး ၆၀ရာနှုန်းလောက်ကျဆင်းခဲ့ပါတယ် (၂၀၀၅ မှာ ရောင်းရတဲ့အရေအတွက်ဟာ ၃၄.၆သန်းလို့ဖော်ပြထားပါတယ်။) ဒီအတောအတွင်းမှတော့ ဒီစီရင်ချက်ဟာ ဥပဒေရေးရာတွေ ဥပဒေပြုသူတွေဦးနှောက်စားစရာ အချေအတင်ဖြစ်စရာဆိုတာအသေအချာပါဘဲ။ ပြီးတော့ လူ့မှုအဖွဲ့အစည်းဆိုင်ရာအယူအဆတွေပြောင်းလဲလာနိုင်ပြီး၊ တရားရုံးများ ဥပဒေပြုသူများကြားမှာ ပိုမိုအလေးထားဆောင်ရွက်ရမှာအသေအချာပါဘဲခင်ဗျား။

စာကြွင်း။ ။IFPI ဟာ နိုင်ငံတကာတေးထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

မူရင်း။ ။ http://www.digitalmusicnews.com/

'DD'
*****************************************************
“မြင်တွေ့မိတဲ့သတင်းတပုဒ်ကို နားလည်သလောက်ဘာသာပြန်တင်ပြခြင်းသာဖြစ်ပါတယ်ခင်ဗျာ”

0 comments: