အင်္ဂလိပ်အချစ်ကဗျာတစ်ပုဒ်

Monday, November 13, 2006

သူ့နာမည်ရင်းက Eric Authur Blair--အဲရစ်အာသာဘလဲ ပါတဲ့။ (တိုနီဘလဲနဲ့တော့ဆွေမျိုးတော်မတော်အသိပါ။) ဒါပေမယ့်အများသိနေကြတာကသူ့ရဲ့ကလောင်အမည် George Orwell-ဂျော့အော်ဝဲလ် ပါ (ဂျော့အိုဝဲလ် လို့လည်းရေးကြတာတွေ့ဘူးရဲ့)။ ၂၀ရာစုမှာတော့ အရေးအသားကောင်းလွန်းတဲ့ အင်္ဂလိပ်စာရေးဆရာတစ်ယောက်အဖြစ်ကျော်ကြားခဲ့သူ ဂျော့အော်ဝဲလ် ကို အိန္ဒိယမှာ ၁၉၀၃ခုနှစ် ဇွန်လတွင်မွေးဖွားခဲ့ပါတယ် ( အဲဒီတုံးက သူ့ဖခင်ဟာ အိန္ဒိယမှာတာဝန်ထမ်းဆောင်နေပါတယ်)။ အသက်တစ်နှစ်မှ မိခင်နဲ့ အင်္ဂလန်ကိုပြန်ခဲ့ပါတယ်။ သူကိုယ်တိုင်ပြောခဲ့တာက သူတို့မိသားစုဟာ မဆင်းရဲဘူးဆိုပေမယ့် စားနိုင်သောက်နိုင်ရုံထက် နည်းနည်းလေးပိုတဲ့အသိုင်းအဝိုင်းပါတဲ့ ( lower-upper-middle class လို့ပြောတော့ ဒီလိုဘဲ ခပ်တည်တည် ရေးလိုက်တယ်ဗျာ)။

George Orwellသူ့အကြောင်းတွေဖတ်ရသလောက်တော့ ငယ်ငယ်ကပညာထူးချွန်ခဲ့ပေမယ့် သူ့မိသားစုက ငွေကြေးမထောက်ပံ့နိုင်တော့လို့ တက္ကသိုလ် ဆက်မတက်နိုင်တော့ပါတဲ့။ အဲဒါနဲ့ ဘာလုပ်လဲဆိုတော့…
သိလား…၁၉၂၂ မှာ ပုလိပ်ဝင်လုပ်တော့တာပေါ့။(မြန်မာပြည်မှာတာဝန်ကျတယ်)။ (ခုခေတ် ဒီးဒုတ်တို့နိုင်ငံမှာလည်း သားရယ် ၁၀တန်းအောင်ရင် ဗိုလ်လောင်းသင်တန်းလေးသွားပါလား
..၁၀တန်းမအောင်ရင်တော့ စစ်ထဲဝင်ပေတော့…ဒါမျိုးတွေကြားဘူးမှာပေါ့။ အော်ဝဲလ်တို့ခေတ်ကလည်း စစ်ဖြစ်နေချိန် အင်္ဂလိပ် ကိုလိုနီခေတ်ဆိုတော့ စစ်သားတို့ ပုလိပ်တို့ဆိုတဲ့
အလုပ်တွေပေါများတယ်ထင်ရဲ့ )။ နောက်တော့ အင်ပါရာထူထောင်တဲ့ ပဒေသရာဇ်စံနစ်ကို သောက်မြင်ကပ်လာတော့ ၁၉၂၇ အင်္ဂလန်ကိုခွင့်နဲ့ ပြန်ချိန် ထွက်စာတင်ပြီး စာရေးတဲ့အလုပ်ကို ရွေးချယ်ဘို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ အော်ဝဲလ်ရေးသားခဲ့တဲ့စာတွေဟာ အထင်ကရဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျောင်းဆရာလုပ်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေမကောင်းလို့ အနားယူခဲ့ရပါတယ်။ သူ့ရဲ့ ဗမာ့နေ့ရက်များ “Burmese Days” ဟာကျော်ကြားတဲ့စာတပုဒ်ပါ။ သူ့ရဲ့ ပဒေသရာဇ်စံနစ်ကိုရွံရှာလာစေတဲ့စိတ်ပေါ်ထွန်းလာခြင်း ရဲ့အရင်းခံဟာ
သူဗမာပြည်မှာနေခဲ့တဲ့နေ့တွေကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။
သူ့စာတွေကောင်းတယ်ဆိုတဲ့အထဲက “Romance” ဆိုတဲ့ကဗျာအောက်မှာဖတ်ကြည့်ပါ။ ကောင်းလွန်းလို့တဲ့ ကျောင်းတွေမှာတောင်သင်ကြတယ်ဆိုဘဲ။ မောင်ဒီးဒုတ်က အင်္ဂလိပ်စာ
အလှအပကိုခံစားနိုင်မှုအားနည်းလို့လား ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုနဲ့အလှမ်းဝေးနေသေးတာလားတော့မသိဘူး ပြောသလောက်လဲမကောင်းပါလားလို့ခံစားရတယ်။ စိတ်ထဲမှာတော့ ဒီလူကြီး
“နှာဘူး”လို့ ကောင်မလေးက ပြုံးစိစိနဲ့မကြားတကြားပြန်ပြောလိုက်တဲ့ဟာ သူနားလည်မှုနဲ့သူတီးထည့်လိုက်တာကို အင်္ဂလိပ်တွေ သဘောခွေ့သွားခဲ့တယ်နဲ့တူရဲ့လို့စဉ်းစားမိတယ်။ ဒါမှမဟုတ်လည်း
ငွေဒင်္ဂါး ၂၀ ပေးမယ်ဆိုလို့ အင်္ဂလိပ်ကြီးရဲ့ ချစ်ခြင်းကို ကောင်မလေးလက်ခံလိုက်လားတော့မသိ(သူ့စာအရ ဒင်္ဂါး၂၅ ပြား နဲ့လက်ခံလိုက်တယ်လို့ယူဆမိပါရဲ့....)။ ရေးထားတာတော့မရှင်းတရှင်းဘဲ။ အင်္ဂလိပ်တွေကလည်းခက်သား ချစ်မိပြီဆိုမှဖြင့် ချက်ချင်ကြီးညအတူအိပ်ချင်တော့တာဘဲ။ ခံစားချက် အတော်ကြီးကြရဲ့။ အော်...အင်္ဂလိပ်ကြီးရဲ့အချစ်...အင်္ဂလိပ်ကြီးရဲ့အချစ်...
(မူရင်းကတော့အောက်မှာ….)

Romance

When I was young and had no sense
In far-off Mandalay
I lost my heart to a Burmese girl
As lovely as the day.
Her skin was gold, her hair was jet,
Her teeth were ivory;
I said ‘For twenty silver pieces,
Maiden, sleep with me.’
She looked at me, so pure, so sad,
The loveliest thing alive,
And in her lisping, virgin voice,
Stood out for twenty-five.


George Orwell: ‘Romance’
First published: Bernard Crick: “George Orwell: A Life”. — GB, London. — 1925.

‘DD’
ကိုးကား
http://www.orwell.ru/library/poems/romance/english/e_rom
http://en.wikipedia.org/wiki/George_Orwell

4 comments:

Wai Phyo said...

Oh, what a coincidence!

I am currently reading 1984 of him. They are his milestones. Have just done reading Animal farms, which is a pretty good book. Give them a try unless u have. =)

Today, i will go and watch Nineteen Eighty Four - 1984 Movie, i.e Released in 1984. Enjoying his famous works =D

Regards,
Wai

Dee said...

Dear Bro.
I tried to find his poem and found "Romance" by chance. Then I wanted to post a few things related to Burma and brief about him. Thanks for visiting. I also visited your nice blog frequently.

boedawgyi said...

၁၅နှစ်သမီးလေးများလားမသိဘူး ဟီးဟီး

Dee said...

ဆောရီးဘဲ ဘီးဒေါ်ကြိုး...အဲ..ဘိုးတော်ကြီးရေ ကျွန်တော်နားလည်မှုလွဲသွားတယ်။ ကောင်မလေးအသက်မပြောထားဘူးဗျ။ အခုပို့စ်ကိုနည်းနည်းပြန်ပြင်ထားတယ။် ဒါပေမယ့် ဒီလူကြီးတွေက ငယ်လေကြိုက်လေဘဲမဟုတ်လား။
အဲဒီတုံးက အော်ဝဲလ် ကလည်း ၂၀ကျော်လောက်ဘဲရှိသေးတော့ တက်ကြွနေချိန် တနယ်တကျေးမှာ အချစ်ဝယ်စားဘို့ကြံရင်း ဒီဂန္ဓဝင်ကဗျာဖြစ်သွားတာနဲ့တူတာဘဲ။