Thursday, November 30, 2006
1 DECEMBER 2006
Posted by ဒီးဒုတ် at 11/30/2006 11:42:00 PM 1 comments
မေဒါဝီ ရဲ့ခွေးမလေးပုံပြင်ကအတော်ကောင်း.....။
အကြောင်းကြောင်းကြောင့်အသိတရားခေါင်းပါးနေကြသူများဟာအတော်ပြု
ပြင်ရခက်တယ်။တစ်ချို့ကြတော့ အသိခေါက်ခက်အဝင်နက် ဆိုသလို သိရဲ့သားနဲ့
မလုပ်သင့်တာတွေကိုလုပ်နေကြတယ်။
ဒီးဒုတ်ကြည့်ဘူးတဲ့ “White Dog--ခွေးဖြူ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းကျောရိုး
နည်းနည်းဆင်တယ်။ အဲဒီကားမှာ ခွေးဖြူတစ်ကောင် (ဝံပုလွေမျိုးရိုးပုံစံ၊ အကောင်က
အမွေးဖြူဆွတ်တယ်၊ ကြီးမားလွန်းပြီး အတော်လှတယ်) ဒဏ်ရာတွေနဲ့လမ်းပေါ်မှာ
လဲနေတာတွေ့တော့ ကောင်မလေးတစ်ယောက်က (နာမည်က “ခင်” ဆိုပါစို့) သနားပြီး
ကားပေါ်တင်ခေါ်လာတယ်။ ကုသပြုစုပေး၊ အစာတွေကျွေးလို့ ထူထူထောင်ထောင်ဖြစ်
လာတော့ သံယောဇဉ်ဖြစ်ပြီး “ခင်”က အိမ်မှာဘဲဆက်မွေးထားလိုက်တယ်။
အဲဒီမှာ ပြဿနာစတော့တာဘဲ။ “ခင်”ကလွဲလို့ကျန်တဲ့သူမှန်သမျှရန်မူတယ်။
ရန်မူတယ်ဆိုတာ ဟောင်ရုံ မာန်ဖီရုံလောက်မဟုတ်ဘူး။ အသေကိုက်သတ်မဲ့ပုံ။ “ခင်”ရဲ့
ချစ်သူနဲ့တောင် ဒီအတွက် ကတောက်ကဆ ဖြစ်ခဲ့တယ်။ နောင်ပိုင်းမှာ ခွေးဖြူ ညဖက်
အပြင်ထွက်ပြီး လူတွေလိုက်ကိုက်တယ်။ ကိုက်သမှ အတော် ပြင်းပြင်းထန်ထန်ကိုကိုက်တာ။
ခွေးဖြူရဲ့ ဒီလိုအပြုအမူကို “ခင်”မသိသေးဘူး။ ပါတ်ဝန်းကျင်ရဲ့အပြောကြောင့် ဒီခွေး
အတော်ဆိုးတယ်ဆိုတာလောက် အထိဘဲလက်ခံတယ်။ နောက်တော့ ခွေးဖြူရဲ့ပြဿနာက
လူမည်းတွေ(အသားမည်းသူ)ကိုဘဲ အသေကိုက်ချင်စိတ်ရှိတယ်ဆိုတာရိပ်မိလာတယ်။
အဲဒီတော့ နာမည်ကြီး တိရိစ္ဆာန်ထိန်းကျောင်းပေးတဲ့နေရာမှာသွားအပ်လိုက်ရတယ်။
အဲဒီကျောင်းက အတော်ဆုံးထိန်ကျောင်းသင်ကြားပေးတဲ့ဆရာက ခြင်္သေ့တွေ၊ ကျားတွေလို
တောရိုင်းတိရိစ္ဆာန်တွေကိုတောင်မှလိမ္မာယဉ်ကျေးလာအောင်သင်ပေးနိုင်တဲ့ကျွမ်းကျင်
ဆရာဖြစ်တယ်။ “ခင်”ဟာသံယောဇဉ်ကြီးလှတဲ့အတွက် ဆရာနဲ့ပေါင်းပြီးလိုအပ်သမျှ
ခွေးဖြူလိမ္မာလာစေရေးအတွက်ကြိုးစားခဲ့တယ်။ (အဲဒီအချိန်မှာ ခွေးဖြူကိုလှောင်အိမ်ထဲမှာ
ထည့်သွင်းလေ့ကျင့်ရတယ်။ လှောင်အိမ်အပြင်ထုတ် တာနဲ့ အသားမည်းတဲ့ဆရာ
(လူမည်း)ကိုကိုက် တော့တာဘဲ။ သေချာတာက သေအောင်အထိကိုက်မှာပါဘဲ) ။
နဂိုကတည်းက တိရိစ္ဆာန်တွေကို စိတ်အားထက်သန်သင်ကြားလာခဲ့တဲ့ဆရာဟာ
နည်းမျိုးစုံသုံးပြီး ခွေးဖြူကို အတော်ခက်ခက်ခဲခဲသင်ခဲ့ရတယ်။ ဥပမာ ဆရာက ခန္ဓာကိုယ်မှာ
သားရေအဝတ်ထူထူတွေဝတ်ပြီး သူ့စိတ်ကြိုက် သူမောလာပြီးမကိုက်နိုင် တော့တဲ့အထိ
အကိုက်ခံတယ် ပြီးမှသူကို အစာကျွေးရင်း မေတ္တာနဲ့ပွတ်သပ် ပေးတယ်။ အဲဒီနည်းဟာ
အတော်ထိရောက်တယ်။ တစစနဲ့ဆရာနဲ့ခွေးဖြူ ကြားမှာ ယုံကြည်မှုရလာတယ်။
“ခင်”လည်းအတော်ဝမ်းမြောက်တယ်။ အဲဒီတော့ လှောင်အိမ်အပြန်ထုတ်တော့မယ်လို့
ဆုံးဖြတ်လိုက်ကြတယ်။ လှောင်အိမ်အပြင်ထုတ်မဲ့နေ့မှာ လူစုံတက်စုံလာကြတယ်။
ဆရာ၊ “ခင်” နဲ့ သင်တန်းကျောင်းကလူတွေရယ်ပေါ့။ ရှောရှောရှူရှူပါဘဲ ခွေးဖြူ အမှီးရမ်း
ပြီးထွက်လာတယ်။ လူတွေဝမ်းသာကြတယ်။ စကားတွေပြောနေကြရင်းနဲ့ ခွေးဖြူကိုတောင်မေ့နေလိုက်ကြတာ…..မကြာခင်ဘဲလူတစ်ယောက်က
အလန့်တကြားအော်လို့လှည့်ကြည့်လိုက်တော့….ခွေးဖြူဟာသွားရည်တမြား
မြား အစွယ်တွေအဖွေးသားနဲ့ အပီအပြင် အသေကိုက်သတ်တော့မယ့်ပုံဘဲ။
ဆရာကသိလိုက်တယ။် ခွေးဖြူရဲ့ဦးတည်ချက်က တစ်ဦးတည်း
သော လူမည်း ဖြစ်တဲ့သူ့ကိုဘဲဆိုတာကိုပေါ့။ အသင့်ဆောင်ယူလာတဲ့ ပစ္စတို
သေနတ်ထုတ်ပြီး သူ့ဆီကိုတဟုန်တိုးပြေးဝင်လာတဲ့ ခွေးဖြူကို ပစ်လိုက်
တယ်။ နေရာမှာတင် ဆရာရဲ့မျက်နှာကို စိုက်ကြည့်နေရင်း ခွေးဖြူ အသက်
ထွက်သွားတယ်။
တကယ်တော့ခွေးဖြူဟာ လူမည်း(နီဂရိုး)တွေကိုတွေ့ရင် မုန်းတီးပြီး ကိုက်
သတ်အောင် မွေးကာစ ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးထားတဲ့
ခွေးတစ်ကောင်ဖြစ်နေခဲ့တယ်။ (အဲဒီတုံးက သူတို့နိုင်ငံတွေမှာ လူမျိုးရေး၊
အသားအရောင်းခွဲခြားမှုတွေ ပြင်းထန်နေတုံးဖြစ်တယ်။)။ ဒီးဒုတ်တို့နိုင်ငံမှာ
လည်း လူခွေးတွေအများကြီးရှိနေတယ်။ သူတို့ဟာ အမှားအမှန်မခွဲခြား
တတ်လို့လား၊ ငယ်ငယ်ကတည်းက ကျုံးသွင်းလေ့ကျင့်ပေးခြင်းခံခဲ့ရလို့လား၊
အကိုက်ကြမ်းကြတယ်။ သင်ကော လူခွေးတွေအကိုက်ခံဘူးသလား။
'DD'
ဇာတ်ကားကတော့ *ဒီဟာ* ပါ။
လွန်ခဲ့တဲ့ ၆-၇နှစ်လောက်ကတည်းကကြည့်ဘူးတာဆိုတော့ မေ့နေပြီ။
သတိရသလောက် အဆင်ပြေသလိုပြန်ရေးလိုက်တယ်။
Posted by ဒီးဒုတ် at 11/30/2006 03:16:00 PM 2 comments
မနက်ဖြန် ဒီဇင်ဘာ ၁ရက်နေ့မှာထွက်ရှိမယ်ဆိုတဲ့ အကျော်အခွ အသုံးချဆော့ဖ်ဝဲလ်
အကြောင်းပါ။ နာမည်က *ဆိုင်ဖွန်*တဲ့။ ကုဒ်ကိုပွင့်ပွင်းလင်းလင်းပေးထားတဲ့ opensource အမျိုးအစားပါ။ ဘယ်လိုရေးသားထားတယ်...ဘယ်လိုလုပ်ဆောင်မှုတွေ
ရှိတယ်ဆိုတာကြည့်ရှုလေ့လာပြီး...စိတ်ဝင်စားရင်ကိုယ့်ဘာသာတောင်လေ့လာ
တီထွင်ရေးသားနိုင်အောင် source code ပါရနိုင်ပါတယ်။ငယ်ငယ်တုံးကသိပ္ပံမှာသင်ဘူးတဲ့ ရေသွယ်ယူတဲ့နည်းစံနစ်တစ်ခုအကြောင်းမှတ်မိဦးမှာပေါ့။အတားအဆီးတစ်ခုကို
ကျော်ခွပြီးရေသွယ်ယူတာလေ...။အဲဒီသဘောနဲ့ဒီနာမည်ကိုပေးထားတယ်ထင်ရဲ့။
*တိုရွန်းတိုမြို့သားများဓါတ်ခွဲခန်း*က ကွန်ပျူတာဂုရုတွေပေါင်းပြီးကလိလိုက်တဲ့ ဆိုင်ဖွန်ဟာဝဘ်ဆိုဒ်တွေကိုအတားအဆီးမဲ့ကျော်ခွပေးပါမယ်တဲ့။ အသုံးပြုနေစဉ်မှာ ချိတ်ဆက်မှုကို(ကုဒ်စကားဝှက်)Encryptလုပ်ထားမဲ့အတွက်ကြောင့်ခြေရာခံဘို့
ခက်ခဲလိမ့်မယ်လို့ဆိုထားပါတယ်။ကဲ...ဆိုင်ဖွန်ဘယ်လိုကျော်မယ်ခွမယ်ဆိုတာ
ကြည့်ကြဦးစို့လို့အော်လိုက်ရကြောင်းပါ။
'DD'
Posted by ဒီးဒုတ် at 11/30/2006 10:39:00 AM 1 comments
“....အခန်းတခန်းရလိုက်တယ်ဆိုတာနဲ့ပဲ သောက်ရေအိုးလေးတစ်လုံးပြေးဝယ်ပြီး
ရေလေးဖြည့်ရေအိုးဖုံးလေးနဲ့ ရေခွက်လေးထားလို့ဝင်ရောက်လာသူတွေကို
အမောပြေလေးသုံးဆောင်နိုင်အောင်ထားပေးထားပါမယ်ပေါ့လေ။ ဝင်ရောက်လည်သူအပေါင်းအမောပြေစေဖို့အတွက်ပေါ့။....”
“ဖြဲ”တယ်ဆိုတာ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမယ် လို့အဓိပ္ပါယ်ရတဲ့ကာလပေါ်စကားပါ။ (အခြားလျှောက်မတွေးနေနဲ့ဦးနော်....)
Posted by ဒီးဒုတ် at 11/29/2006 01:08:00 PM 0 comments
Posted by ဒီးဒုတ် at 11/28/2006 04:29:00 PM 1 comments
ဝိဉာဉ်မိန်းကလေးတဲ့။ ကနေဒါ-တိုရွန်းတိုးမြို့ကအိမ်အိုဟောင်းကြီးထဲမှာ ဗွီဒီယို ရိုက်နေရင်း ပေါ်လာတာ ရိုက်နေတဲ့သူတောင်ကြောက်လန့်ပြီးထွက်ပြေးရတယ်။ ဂူဂယ်လ်ဗွီဒီယို *ဒီလင့်မှာ* တိုက်ရိုက်ကြည့်ရှူနိုင်ပါတယ် အောက်က embedded video ကတော့ page လေးတတ်တဲ့အတွက်မကြာခင်ပြန်ဖျက်ဘို့စဉ်းစားထားတယ်။
*ရွစိကြက်မကြီးအက*
တကိုယ်ရေ အပျိုကြီးများ အနှီကဲ့သို့အပျင်းဖြေနိုင်ကြပါသည်။ ခွိ...ခွိ...
နောက်...*ဒီလင့်ခ်တစ်ခု*က လက်အရိပ်ပြပွဲတဲ့ ညစ်ညမ်းတဲ့အပြုအမူပေမယ့် ဟာသမြောက်လှပါတယ်။ အတော်လည်းပေါက်တီးပေါက်ရှာနိုင်ကြပါရဲ့။
'DD'
Posted by ဒီးဒုတ် at 11/28/2006 03:38:00 PM 0 comments
တနေ့မှာသူတော်စင်ဆိုသူက ဘုရားသခင်ကိုဒီလိုလျှောက်တင်သတဲ့...“အရှင် ကျွန်တော်မျိုး နိဗ္ဗာန် နဲ့ ငရဲ ဘာတွေလဲဆိုတာ သိမြင်ချင်စမ်းပါဘိ”
ဘုရားသခင်က “ကောင်းပြီ..ငါ့နောက်ကလိုက်ခဲ့” ပေါ့..
ရှေ့ဆောင်ခေါ်သွားတဲ့နေရာမှာ တံခါးနှစ်ပေါက်(အခန်းနှစ်ခန်း) ရှိသတဲ့။သူတော်စင်က
သိလိုစိတ်နဲ့ ပထမတံခါးပေါက်ကို အသာဖွင့်ကြည့်လိုက်တယ်။ အခန်းရဲ့အလည်မှာ
စားပွဲဝိုင်းကြီး တစ်ခုရှိတယ်။ စားပွဲဝိုင်းအလည်မှာတော့ အငွေ့တထောင်းထောင်းနဲ့
အရသာရှိလှတဲ့ ဟင်းလျာအိုးကြီး....။မွှေးကြိုင်လွန်းလိုက်တာ...သူတော်စင်တောင်မှ
သွားရည်တများများနဲ့ပေါ့။ စားပွဲပါတ်လည်ထိုင်နေကြတဲ့လူတွေကတော့ချည့်နဲ့
ပိန်လှီပြီးတော့ မကျန်းမာတဲ့ပုံပေါက်နေကြတယ်။ သူတို့အားလုံးမှာ ဇွန်းတွေရှိကြတယ်။
ဒါပေမယ့်ဇွန်းလက်ကိုင်တွေက ရှည်လျားလွန်းပြီးတော့ လက်တွေမှာ
အသေချည်ထားတယ်။ အဲဒီတော့ ဟင်းကိုခပ်လို့ရတာတောင် ဇွန်းကို ပါးစပ်နားရောက်
အောင်မပို့နိုင်ကြတော့ဘူးပေါ့။ သူတော်စင်ဟာ အနိဌာရုံမြင်ရတာ တုန်လှုပ်မိသတဲ့။
“ကျွန်တော်မျိုး ငရဲကိုသဘောပေါက်သွားပြီ” လို့လျောက်သတဲ့။
အဲဒီလိုနဲ့ နိဗ္ဗာန်ကိုသိဘို့နောက်တစ်ခန်းရဲ့တံခါးပေါက်ကိုဖွင့်ကြည့်ပြန်တယ်။
ပထမအခန်းထဲက အခင်းအကျင်းနဲ့ပုံစံတူတူဘဲ။ သွားရည်ကျလာအောင် မွှေးကြိုင်တဲ့
ဟင်းလျာအိုးကို စားပွဲဝိုင်းကြီးအလည်မှာတည်ခင်းထားတယ်။ပါတ်ပါတ်လည်ထိုင်နေ
သူတွေမှာလည်း လက်ကိုင်ရိုးရှည်လျားလှတဲ့ဇွန်းတွေအသေချည်နှောင်ပေးထားတယ်။
ဒါပေမယ့် သူတို့တွေကတော့ အာဟာရကောင်းစွာရကြပုံနဲ့အုတ်အုတ်ကြွက်ကြွက်
ပျော်ရွှင်ရယ်မောပြီး စကားတပြောပြောနဲ့တဲ့။
သူတော်စင်က ဒီတခါတော့ “ကျွန်တော်မျိုး နားမလည်ပါလို့” လျောက်သတဲ့။
ဘုရားသခင်ကပြောသတဲ့..“ဒါကတော့ရိုးရိုးရှင်းရှင်းလေးပါ...ဒီအခန်းထဲလူတွေက
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကျွေးရမယ်ဆိုတာကို သိရှိကြတယ်”
လို့ပြောလိုက်သတဲ့။
----------------------------------------------------------------------------------
ရေးသူက အမည်မသိဖြစ်ပြီး ဖတ်အပြီးမှာ ဒီးဒုတ်ကတော့ လောကရဲ့
နိဗ္ဗာန်နဲ့ငရဲကိုအတိုင်းအတာတစ်ခုအထိဖော်ကျူးထားတာသတိပြုမိပါတယ်။ လက်ရှိ
ဒီးဒုတ်တို့ပါတ်ဝန်းကျင်မှာလည်း အတ္တကြီးပြီးအမှောင်ဖုံးနေသူများ။ ငါကလွဲပြီး
ဘယ်သူကိုမှ အရာမထင်သူများဟာ လောကငရဲထဲ အရှင်ရောက်နေသူတွေပါဘဲ။
'DD'
Posted by ဒီးဒုတ် at 11/27/2006 10:35:00 AM 0 comments
သတိပေးကြေငြာချက် ဆိုင်းဘော့ဒ်လေးလုပ်ချင်ရင် *ဒီဆိုဒ်* ကဝန်ဆောင်မှုပေးနေတယ်။ အခမဲ့ပါ။
ဒီးဒုတ်စမ်းကြည့်တဲ့ ဥပမာလေးက အောက်မှာ....
'DD'
Posted by ဒီးဒုတ် at 11/26/2006 11:21:00 AM 0 comments
*ငါဆိုတဲ့သီချင်း* က အော်သံများ criers.blogspot.com ရဲ့ဘလော့ဂ်အသစ်ထင်ပါတယ်။ သူ့ကဗျာလေးဖတ်ကြည့်ပါ။ တကယ့် Ironic ဘဲဗျာ။ အတော်ရယ်မိတယ်။ ပြောင်မြောက်အောင်ဖွဲ့နိုင်ပါတယ်။ ...
..............
........
ရွှေပြည်ကြီးလို
ကော်ပီခွေ ရှိလား၊ ကော်ပီခွေတွေကြောင့် စိတ်ညစ်နေတဲ့ ကော်ပီဆိုသူ ရှိလား၊
လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ ဆိုင်းဘော့ဒ် ရှိလား၊
ကျူရှင်ကြောင်ငြာ ရှိလား၊ ဒို့တာဝန်အရေးသုံးပါး ရှိလား၊
အပွင့်တွေ ရှိလား၊ မော်တော်ပီကယ်ရှိလား၊
လိုင်းကားစီးတဲ့အခါ
ခရီးသယ်တွေအတွက် အော်ကြီးဟစ်ကျယ် ဂရုစိုက်ပေးရှာမယ့်
ကားစပယ်ယာဆိုတာ ရှိလား
တွန်းတွန်းတိုက်တိုက် ယဉ်ကျေးမှု ရှိလား၊
ရာဇ၀င် ရှိလား၊ ပုဂံရှိလား၊
သီပေါမင်း ရှိလား၊ (အဲဒီမင်းဆက်ကို ဆက်ခံတဲ့)ေ-ာက်ပေါမင်း ရှိလား
Posted by ဒီးဒုတ် at 11/26/2006 01:12:00 AM 0 comments
မောင်ဒီးဒုတ် တမ်းပလိတ်လေး ပြင်လိုက်တယ်။ (အားအားယားယား)။ မျက်စိ၊ ခါး၊ လက် အတော်ညောင်းသွားတယ်။
အမြင်မတော်တာရှိရင် ဝေဘန်ပြုပြင် အကြံဥာဏ်ပေးကြပါဦး။
Posted by ဒီးဒုတ် at 11/25/2006 10:50:00 AM 0 comments
"အဲဒါဟာ မန်းတက္ကသိုလ် ကျောင်းသားခေါင်းဆောင် နာမည်ကျော် မောင်သာနိုးရဲ့ ရုပ်ပုံလွှာပါပဲ။ အင်္ဂလိပ်စာတတ်တယ်၊ သတ္တိဗျတ္တိရှိတယ်။ မဟုတ်မခံ တော်လှန်ရဲတဲ့စိတ် ရှိတယ်လို့ နာမည်ကြီးတယ်။"
"ကျွန်တော်တို့ သူ့အခန်းထဲဝင်သွားတော့ စာကူးစက်တလုံးနဲ့ သူက `Fighting Peacock´ဆိုတဲ့ အင်္ဂလိပ်လို နံရံကပ်စာစောင် ရေးနေတုန်း။"
"၁၉၆၇ အင်းစိန်ထောင်က နောက်ဆုံးလွတ်ပြီး ရန်ကုန်တက္ကသိုလ် မြန်မာစာ မဟာဝိဇ္ဇာတန်း တက်ပါတယ်။ ကျူတိုရီယယ် သင်တန်းတွေကအစ တချိန်မှ အလွတ်မခံ၊ မှန်မှန်ကျောင်းတက်၊ မှန်မှန်လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။ အတန်းခန်းထဲမှာ ဆရာ ဆရာမက စာမေးရင် ကလေးငယ်တယောက်လို လက်ညှိုးးထောင်ပြီး စာဖြေပါတယ်။ မာန်မာန လုံးဝမရှိပါဘူး။"
Posted by ဒီးဒုတ် at 11/23/2006 12:20:00 AM 1 comments
ဒီ Musicovery.com ဆိုတဲ့ဆိုဒ်ရဲ့ အိုင်ဒီယာလေး
တော်တော်ကြိုက်တယ်။ ဘာလို့များ ဒီလောက်တောင်
ဖန်တီးတတ်ကြတာလဲ....။
(လင့်ခ်မျှဝေလိုက်ပါတယ်။)
'DD'
Posted by ဒီးဒုတ် at 11/20/2006 01:24:00 PM 1 comments
Stephen Hawking's Universe 03
ခေတ်သစ်သိပ္ပံပညာတွေရဲ့ စင်္ကြာဝဠာကိုရှာဖွေတဲ့ကိစ္စနဲ့ဆက်စပ်တဲ့ဗွီဒီယိုအပိုင်းတွေ...
၅၅မိနစ်ကျော်ကြာတယ်ဗျ...ကျွန်တော်လည်းပြီးအောင်တော့မကြည့်ရသေးပါဘူး..
အချိန်ပေးပြီးပြန်ကြည့်ရမယ်....ဒီမှာ နဲ့ ဒီမှာ
'DD'
Posted by ဒီးဒုတ် at 11/17/2006 11:27:00 PM 0 comments
ယခင်ကထက်ပိုပြီး ယခုမျက်မှောက်အချိန်မှာ အဆောတလျှင်ရှင်းလင်းဖြေကြားရမှာက
“သဘာဝတရားကြီးနဲ့ ငြိမ်းချမ်းရေးရဘို့ နိုင်ငံရေးဗျူဟာတွေမရှိသေးတာရယ်
ရေရှည်မလုပ်ဆောင်ခဲ့တဲ့ မပေးဆပ်ခဲ့တဲ့ကိစ္စတွေဟာ ဘာကြောင့်လဲ” ဆိုတာဘဲဖြစ်ပါတယ်။
ဒေါက်တာ ဟာမန်းရှီရာ
တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းလာရတာနဲ့အမျှ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ရာသီဥတု
ပျက်ရွင်းမှုဟာ အရေးပေါ်အခြေအနေနဲ့တွေ့ကြုံနေရတယ်။
အဲဒီတော့ “အဆောတလျှင်ဖြေရှင်းလုပ်ဆောင်ရမှာက ဖြစ်လာနိုင်တဲ့အကျိုးဆက်
ဆိုးရွားမှုတွေကိုသိဘို့ နဲ့ ကမ္ဘာကြီးအပူချိန်ကိုလျော့နည်းလာစေရန် တစ်ကမ္ဘာလုံး
အတိုင်းအတာနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကိုသိသိသာသာလျှော့ချပြစ်ဘို့”
..ဖြစ်ပါတယ်။
အယ်လ်ဂိုး
အထက်ကစာကြောင်းတွေက သဘာဝသယံဇာတစွမ်းအင်ကုန်ကြမ်းတွေထုတ်ယူသုံးစွဲမှုပြီးတော့ ဖြစ်လာမယ့်ဆိုးကျိုးတွေကို အချို့ပုဂ္ဂိုလ်များကသတိပေးထားတဲ့စကားများဖြစ်ပါတယ်။ သဘာဝသယံဇာတတွေထဲမှာ ရေနံဟာအဓိကအကျဆုံးသော စွမ်းအင်ကုန်ကြမ်းသယံဇာတတစ်မျိုးဖြစ်ပါတယ်။ (ဆက်စပ်နေတဲ့ သဘာဝဓါတ်ငွေ့ဟာလည်းအဓိကပါဝင်ပါတယ်။) လူတွေရဲ့နေ့စဉ် ရေနံနဲ့သဘာဝဓါတ်ငွေ့ တွေကို စွဲလမ်းလွန်းကြ(အသုံးအစွဲကြမ်းလွန်းကြ) တာကြောင့်သဘာဝသယံဇာတစွမ်းအင်ကုန်ကြမ်းတွေဟာ ယခင့်ယခင်တုံးက အနီးအနားမှာတင် မခက်ခဲဘဲရှာဖွေတူးဖော်နိုင်ခဲ့ပေမယ့် တချိန်ကျရင်ရှာဖွေလို့မရနိုင် လောက်အောင်ရှားပါးကုန်ဆုံးသွားတော့မှာပါ။(အခုတောင် ရှာရအတော်ခက်ခဲနေပါပြီ။) အဲဒီအချိန်မှာ နေရောင်ခြည်စွမ်းအင်ကို အဓိကထားသုံးစွဲရမှာဖြစ်တဲ့အကြောင်းကိုဒီပုံမှာပြထားပါတယ်။
*ဒီဝဘ်ဆိုဒ်*ကတော့
ရေနံနဲ့စွမ်းအင်ဆိုင်ရာ သတင်းတွေစုစည်းပေးထားပါတယ်။
'DD'
Posted by ဒီးဒုတ် at 11/16/2006 11:31:00 AM 0 comments
ကလေးရေ…
ငါဟာဗီလိန်တစ်ယောက်မဟုတ်ခဲ့ပါဘူးကွဲ့
ယခင်ဟိုးရှေးရှေးတုံးက အနီးမှာနေခဲ့သူပါ။
ဘဝတွေဒီလိုနဲ့ မပြောင်းချင်ဘဲပြောင်းခဲ့ရ…
ကလေးရေ
ဒါဟာဒေါသမဟုတ်ပါဘူးကွဲ့
အဝေးရောက် ငါ့မျက်ရည်ကိုထိန်းထားနေရ
တစ်ခါတစ်ခါတော့ တိုးတိတ်ကျမိတာပ…
ကိုယ်ဟာ
အမြဲစိမ်း သစ်တောမဟုတ်သလို
ထာဝရစီးဆင်းနေတဲ့မြစ်တစ်စင်း
မဟုတ်ဘူးကွ…
ကလေးရေ
ကိုယ့်ကို မစွဲလမ်းကြပါနဲ့
တစာစာအော်ဟစ်မနေခဲ့ပေမယ့်
သဘောကောင်းလွန်းတဲ့
ရက်ရောသူတော့မဟုတ်ခဲ့ပါရ…
ဒီလိုနဲ့ ကိုယ့်ဘဝဟာ…
ဟိုပြောင်းဒီပြောင်း…
ခဲရည်ငွေ့ အမျိုးမျိုးပေါ့
တန်ဘိုးတွေတက်လာပေမယ့်
ဒဏ်ရာအနာတရနဲ့ကိုယ်ဟာ
မျှော်လင့်နေမိရဲ့
နောက်ဆုံးနေ့ရက်ထိတော့
မင်းကိုမြင်တွေ့နိုင်လိမ့်မှာပ။
ဒီးဒုတ်
နိုဝင်ဘာ ၂၀၀၆
Posted by ဒီးဒုတ် at 11/14/2006 12:03:00 AM 0 comments
သူ့နာမည်ရင်းက Eric Authur Blair--အဲရစ်အာသာဘလဲ ပါတဲ့။ (တိုနီဘလဲနဲ့တော့ဆွေမျိုးတော်မတော်အသိပါ။) ဒါပေမယ့်အများသိနေကြတာကသူ့ရဲ့ကလောင်အမည် George Orwell-ဂျော့အော်ဝဲလ် ပါ (ဂျော့အိုဝဲလ် လို့လည်းရေးကြတာတွေ့ဘူးရဲ့)။ ၂၀ရာစုမှာတော့ အရေးအသားကောင်းလွန်းတဲ့ အင်္ဂလိပ်စာရေးဆရာတစ်ယောက်အဖြစ်ကျော်ကြားခဲ့သူ ဂျော့အော်ဝဲလ် ကို အိန္ဒိယမှာ ၁၉၀၃ခုနှစ် ဇွန်လတွင်မွေးဖွားခဲ့ပါတယ် ( အဲဒီတုံးက သူ့ဖခင်ဟာ အိန္ဒိယမှာတာဝန်ထမ်းဆောင်နေပါတယ်)။ အသက်တစ်နှစ်မှ မိခင်နဲ့ အင်္ဂလန်ကိုပြန်ခဲ့ပါတယ်။ သူကိုယ်တိုင်ပြောခဲ့တာက သူတို့မိသားစုဟာ မဆင်းရဲဘူးဆိုပေမယ့် စားနိုင်သောက်နိုင်ရုံထက် နည်းနည်းလေးပိုတဲ့အသိုင်းအဝိုင်းပါတဲ့ ( lower-upper-middle class လို့ပြောတော့ ဒီလိုဘဲ ခပ်တည်တည် ရေးလိုက်တယ်ဗျာ)။
သူ့အကြောင်းတွေဖတ်ရသလောက်တော့ ငယ်ငယ်ကပညာထူးချွန်ခဲ့ပေမယ့် သူ့မိသားစုက ငွေကြေးမထောက်ပံ့နိုင်တော့လို့ တက္ကသိုလ် ဆက်မတက်နိုင်တော့ပါတဲ့။ အဲဒါနဲ့ ဘာလုပ်လဲဆိုတော့…
သိလား…၁၉၂၂ မှာ ပုလိပ်ဝင်လုပ်တော့တာပေါ့။(မြန်မာပြည်မှာတာဝန်ကျတယ်)။ (ခုခေတ် ဒီးဒုတ်တို့နိုင်ငံမှာလည်း သားရယ် ၁၀တန်းအောင်ရင် ဗိုလ်လောင်းသင်တန်းလေးသွားပါလား
..၁၀တန်းမအောင်ရင်တော့ စစ်ထဲဝင်ပေတော့…ဒါမျိုးတွေကြားဘူးမှာပေါ့။ အော်ဝဲလ်တို့ခေတ်ကလည်း စစ်ဖြစ်နေချိန် အင်္ဂလိပ် ကိုလိုနီခေတ်ဆိုတော့ စစ်သားတို့ ပုလိပ်တို့ဆိုတဲ့
အလုပ်တွေပေါများတယ်ထင်ရဲ့ )။ နောက်တော့ အင်ပါရာထူထောင်တဲ့ ပဒေသရာဇ်စံနစ်ကို သောက်မြင်ကပ်လာတော့ ၁၉၂၇ အင်္ဂလန်ကိုခွင့်နဲ့ ပြန်ချိန် ထွက်စာတင်ပြီး စာရေးတဲ့အလုပ်ကို ရွေးချယ်ဘို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ အော်ဝဲလ်ရေးသားခဲ့တဲ့စာတွေဟာ အထင်ကရဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျောင်းဆရာလုပ်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေမကောင်းလို့ အနားယူခဲ့ရပါတယ်။ သူ့ရဲ့ ဗမာ့နေ့ရက်များ “Burmese Days” ဟာကျော်ကြားတဲ့စာတပုဒ်ပါ။ သူ့ရဲ့ ပဒေသရာဇ်စံနစ်ကိုရွံရှာလာစေတဲ့စိတ်ပေါ်ထွန်းလာခြင်း ရဲ့အရင်းခံဟာ
သူဗမာပြည်မှာနေခဲ့တဲ့နေ့တွေကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။
သူ့စာတွေကောင်းတယ်ဆိုတဲ့အထဲက “Romance” ဆိုတဲ့ကဗျာအောက်မှာဖတ်ကြည့်ပါ။ ကောင်းလွန်းလို့တဲ့ ကျောင်းတွေမှာတောင်သင်ကြတယ်ဆိုဘဲ။ မောင်ဒီးဒုတ်က အင်္ဂလိပ်စာ
အလှအပကိုခံစားနိုင်မှုအားနည်းလို့လား ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုနဲ့အလှမ်းဝေးနေသေးတာလားတော့မသိဘူး ပြောသလောက်လဲမကောင်းပါလားလို့ခံစားရတယ်။ စိတ်ထဲမှာတော့ ဒီလူကြီး
“နှာဘူး”လို့ ကောင်မလေးက ပြုံးစိစိနဲ့မကြားတကြားပြန်ပြောလိုက်တဲ့ဟာ သူနားလည်မှုနဲ့သူတီးထည့်လိုက်တာကို အင်္ဂလိပ်တွေ သဘောခွေ့သွားခဲ့တယ်နဲ့တူရဲ့လို့စဉ်းစားမိတယ်။ ဒါမှမဟုတ်လည်း
ငွေဒင်္ဂါး ၂၀ ပေးမယ်ဆိုလို့ အင်္ဂလိပ်ကြီးရဲ့ ချစ်ခြင်းကို ကောင်မလေးလက်ခံလိုက်လားတော့မသိ(သူ့စာအရ ဒင်္ဂါး၂၅ ပြား နဲ့လက်ခံလိုက်တယ်လို့ယူဆမိပါရဲ့....)။ ရေးထားတာတော့မရှင်းတရှင်းဘဲ။ အင်္ဂလိပ်တွေကလည်းခက်သား ချစ်မိပြီဆိုမှဖြင့် ချက်ချင်ကြီးညအတူအိပ်ချင်တော့တာဘဲ။ ခံစားချက် အတော်ကြီးကြရဲ့။ အော်...အင်္ဂလိပ်ကြီးရဲ့အချစ်...အင်္ဂလိပ်ကြီးရဲ့အချစ်...
(မူရင်းကတော့အောက်မှာ….)
Romance
When I was young and had no sense
In far-off Mandalay
I lost my heart to a Burmese girl
As lovely as the day.
Her skin was gold, her hair was jet,
Her teeth were ivory;
I said ‘For twenty silver pieces,
Maiden, sleep with me.’
She looked at me, so pure, so sad,
The loveliest thing alive,
And in her lisping, virgin voice,
Stood out for twenty-five.
Posted by ဒီးဒုတ် at 11/13/2006 11:19:00 AM 4 comments
နည်းပညာအသစ်တွေဟာ ကျွန်တော်တို့ရဲ့ဘဝလွတ်လပ်မှုတွေကိုဖန်တီး
ပေးပါတယ်။ တဆက်တည်းမှာဒီနည်းပညာအသစ်တွေကြောင့်ဘဲ
privacy ဆိုတဲ့ ကိုယ်ရေးကိုယ်တာအခွင့်အရေးကို ဝင်ရောက်ကျူးကျော်
နိုင်ခွင့်တွေပေးထားသလိုဖြစ်စေပါတယ်။
သင့်ရဲ့လက်ကိုင်ဖုန်းဟာ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့လွယ်လွယ်ကူကူ
ဆက်သွယ်နိုင်စေတယ်ဆိုပေမယ့်၊ သင်ဘယ်နားမှာရှိတယ်ဆိုတာကိုပါ
(ဖုန်းရဲ့ အချက်ပြလှိုင်း signal ကြောင့်) နည်းပညာအရ သိစေနိုင်ပါတယ်။
သင် Googleမှာ ကျန်းမာရေးအချက်အလက် ရှာဖွေတာဟာ (သင်ဘာတွေ
ရှာဖွေတယ်ဆိုတာ) မူအရတော့ လုံခြုံစိတ်ချရနိုင်ပါတယ်။ သို့သော်ငြားလည်း
သင့်online ပြုမူဆောင်ရွက်ချက်တွေဟာ သင်ဝင်ရောက် ကြည့်ရှုမိတဲ့နေရာတွေမှာ
ထောင်ထားတဲ့ ပျားရည်အိုးတွေ (Honey Pot) ရဲ့ထောင်ချောက်
တွင်းမသိလိုက်မသိဘာသာရောက်ရှိသွားပြီး သင့်ရဲ့အချက်အလက်တွေကို
အသုံးချခွင့်ပေးလိုက်သလို ဖြစ်စေနိုင်ပါတယ်။
Honey Pot ဆိုတာ ဆိုဒ်တစ်ခုကိုလာသူတွေနဲ့ပါတ်သတ်တဲ့ အချက်အလက်
တွေကို မှတ်ထားတဲ့ (အဓိကကတော့ ဖောက်ထွင်းသူ
တွေကို စောင့်ဖမ်းဘို့တပ်ဆင်ထားတဲ့) အသုံးချနည်းပညာဖြစ်ပါတယ်။
နည်းပညာကြောင့်ပြဿနာတွေဖြစ်စေတာ မဟုတ်ပါလို့ဆိုနိုင်ပြီး
Privacy ကိုယ်ရေးကိုယ်တာအခွင့်အရေး အတွက် မျှော်လင့်ချက်
လိုအပ်ချက်တွေဟာ ဥပဒေကြောင်းအရ ကာကွယ်ပေးမှုတွေ နည်းပါးနေသေးတယ်။
အလကားရမယ်ဆိုလို့ Site တွေမှာ ကိုယ့်ရဲ့ကိုယ်ရေးအချက်တွေကို ဟိုဖြည့်
ဒီဖြည့်မဖြည့်ခင် site မှာ Privacy policy ရှိမရှိ ကို စစ်ဆေးပါ။ (သို့)
သင်ပေးရတာနဲ့ ရလိုက်တာနဲ့တန်ရဲ့လား ဆန်းစစ်ပါ။ မြန်မာပြည်မှာတော့
လူတော်တော်များများ အလကားရမယ်ဆိုရင် လျှောက်လွှာတစ်မျက်နှာ
နှစ်မျက်နှာလောက်တော့ အသာလေးပေါ့...ဖြည့်ပြီးသားဘဲ။
(ဘာမှမရဘဲတောင် အနိုင်ကျင့်ပြီး ဟိုတောင်းဒီတောင်း ဟိုဖြည့်ခိုင်း
ဒီဖြည့်ခိုင်းနဲ့ နော...)
အထူးသဖြင့် နိုင်ငံကြီး တချို့မှာတော့ ဆောရီးဘဲ ကြော်ငြာချင်ရင်
ထိုက်တန်တဲ့ အရာ တစ်ခုခုရမှ ကိုယ်ရေးအချက် နည်းနည်းပါးပါးရမယ်
...အီးမေးလ်..ဖုန်းနံပါတ် အစရှိသဖြင့်ပေါ့ဗျာ...
ကဲ...ခင်ဗျားတို့ကော ဘာတွေ ဖြည့်ဘူး...ပေးဘူးသလဲ?
'DD'
*Privacy အပိုင်း(၁) ဒီမှာ*
ကိုးကား...Electronic Frontier foundation EFF
ကျွန်တော်ကြည့်ဘူးတဲ့ privacy နဲ့ဆက်စပ်တဲ့ရုပ်ရှင်က
Enemy of the State (၁၉၉၈) ပါ။
သိတ်ကောင်းလို့သိတ်ကြိုက်ပါတယ်။
Posted by ဒီးဒုတ် at 11/10/2006 03:14:00 PM 0 comments
“ကျွန်တော်တို့ဟာ ယခုဒီသတင်းအချက်အလက်ကွန်ယက်ကြီး
ဘယ်လိုတိုးပွားဖြစ်ထွန်းနေတယ်ဆိုတာကို နားလည်နိုင်စွမ်း
မရှိရင်တော့ ဆိုးဆိုးဝါးဝါးကိစ္စတွေနဲ့ ရင်ဆိုင်ရဘွယ်ရှိတယ်။”
Sir Tim Berners-Lee
ကမ္ဘာ့သတင်းအချက်အလက်ကွန်ယက်ကြီး WWW ရဲ့ဖခင်ကြီးလို့အသိအမှတ်ပြုခြင်းခံထားရသူ အင်္ဂလိပ်လူမျိုး
“ဆြာတင်ဘာနာစ်လီ--Sir Tim Berners-Lee” တစ်ယောက်တော့
သူစတင်ခဲ့တဲ့ WWWကြီးအတွက်ရတက်မအေးဖြစ်နေရပါပြီ။
သူစိတ်ပူပန်မိတာက အင်တာနက်ကိုသတိလက်လွတ်သုံးစွဲနေမှုတွေဟာ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေ (ဒီမိုကရေစီလမ်းကြောင်းကသွေဖီမှု၊ သတင်းအချက်အလက်မတိကျမမှန်ကန်မှု၊ စတာတွေ)
ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။
ဒါကြောင့် Tim ဟာ သတင်းကွန်ယက်တိုးတက်ဖြစ်ထွန်းမှုရဲ့
လူမှုရေးဆိုင်ရာနောက်ဆက်တွဲကိစ္စတွေကိုလေ့လာနိုင်ဘို့
web science research project -- သတင်းကွန်ယက်ပညာရပ်ဆိုင်ရာ
သုတေသနစီမံကိန်း တစ်ခုကိုစတင်လိုပါတယ်တဲ့။ သူရဲ့သုတေသနဟာ ကွန်ပျူတာသိပ္ပံဘာသာရပ်ထက်ပိုမိုတဲ့ကိစ္စတွေပါဝင်မှဖြစ်ပြီး တက္ကသိုလ်တွေမှာတွေ့ရလေ့မရှိဘူးလို့ဆိုပါတယ်။
သူဟာ လူမှုရေးနဲ့နည်းပညာ ကျိုးကြောင်းကိစ္စရပ်တွေကိုလေ့လာရာမှာ
စည်းစံနစ် ရှုထောင့်အဖြာဖြာကသုတေသနပညာရှင်တွေကို စည်းရုံးလေ့လာဘို့ ဆန္ဒရှိနေပါတယ်တဲ့။ ပိုပြီး နှစ်ထောင်းအားရစရာ စိတ်ဝင်စားဘွယ်တွေဖြစ်လာပြီး ဘာသာရပ်အသစ်တစ်ခုလို့လည်းဆိုပါတယ်။
*******************************************
source: ဘီဘီစီ ရဲ့ ဒီနေရာ မှာအသေးစိတ်ဖတ်ပါ။
“မြင်တွေ့မိတဲ့သတင်းတပုဒ်ကို နားလည်သလောက်ဘာသာပြန်တင်ပြခြင်းသာဖြစ်ပါတယ်ခင်ဗျာ”
‘DD’
Posted by ဒီးဒုတ် at 11/10/2006 09:04:00 AM 0 comments
Google, Microsoft, Yahoo မြေပုံတွေအပြင်အခြားမြေပုံတွေအတော်များများပါကြည့်လို့ရတဲ့ဆိုဒ်ပါ။
Flash သုံးပါတယ်။ စိတ်ကူးကောင်းတဲ့ ဖန်တီးမှုတစ်ခုဖြစ်ပါတယ်။ Browser မှာ
flash pluginရှိရင် ဘာမှအထူးအထွေ install လုပ်စရာမလိုဘဲ ကမ္ဘာ့မြေပုံတွေကြည့်ရှုလို့ရကြောင်းပါခင်ဗျား။
လိပ်စာ http://www.flashearth.com/
'DD'
Posted by ဒီးဒုတ် at 11/09/2006 02:19:00 AM 0 comments
ဒီလိုဘဲ အချိန်နည်းနည်းအားနေရင်ဟိုကြည့်ဒီကြည့်ပေါ့ဗျာ…..ဒါနဲ့ဒီဟာကိုတွေ့သွားကောဗျား။ ဟုတ်တော့လည်းဟုတ်သား ကျနော်ကိုယ်တိုင်လည်းတခါတလေ အင်္ဂလိပ်အသံထွက်ကိုမြန်မာသံနဲ့ပြန်ရေးတာ တော်တော်လက်ပေါက်ကပ်တဲ့ကိစ္စ…
အခုတွေ့တာက foreverspace bannerမှာ အီးဘုခ် လို့ရေးထားတဲ့ဟာ..တစ်မျိုးတော့တစ်မျိုးဘဲဗျ..စိတ်ထဲမှာရွတ်ကြည့်တယ်
..အီးဘုတ်ခ်.အီးဘွတ်ခ်..အီးဘုခ်…..ဘာမှအဆင်မပြေနေသလိုဘဲဗျာ။…
ကဲခင်ဗျားတို့ဆို ဘယ်လိုရေးမလဲ…ဘာရယ်မဟုတ်ဘူးဗျို့..ဦးနှောက်စားကြည့်တာပါ..
'DD'
Posted by ဒီးဒုတ် at 11/09/2006 02:01:00 AM 2 comments
မကြာသေးခင်ယခင်သီတင်းပါတ်က စပိန်တရားသူကြီးတစ်ဦးရဲ့ “တကိုယ်ရေသုံးစွဲရန် ဖိုင်ဝေငှမှု-File sharing” ကိုခွင့်ပြုနိုင်မယ်လို့ချမှတ်တာဟာ သက်ဆိုင်ရာလုပ်ငန်းတွေကြားမှာမကျေနပ်စရာတွေ၊ ပြန်လည်ချေပစရာတွေ အုတ်အော်သောင်းနင်းဖြစ်ခဲ့ပါတယ်။ တရားသူကြီး ပက်ဇ်အယ်လ်ဒီကို ဟာ တရားစွဲဆိုခံရတဲ့ သီချင်းအတော်များများဖြန့်ဝေခဲ့သူ(အမည်မဖော်ပြ)တစ်ဦးရဲ့အမှုကို ပယ်ဖျက်လိုက်ပါတယ်။ တရားခံရဲ့ပြုမူချက်ဟာ အများသူငါလုပ်နေကျ လူမှုရေးထောင့်ကကြည့်ရင်လက်ခံနိုင်တဲ့ ပြုမူချက်တစ်ခုဖြစ်ပြီး ငွေကြေးအကျိုးအမြတ်မပါတဲ့ကိစ္စသက်သက်သာဖြစ်တယ်လို့လည်းဆိုပါတယ်။
စပိန်နိုင်ငံဟာ ဖိုင်ဖြန့်ဝေသုံးစွဲကြတဲ့ပင်မနေရာတစ်ခုဖြစ်ခဲ့တာ ကာလအတော်ကြာခဲ့ပါပြီ။ ယခုလိုစီရင်ချက်ချမှတ်လိုက်တာကြောင့်ဒီအလေ့အထကိုပိုမို
အားပေးအားမြှောက်ပြုစေတယ်လို့ဆိုပါတယ်။ ဒီစီရင်ချက်မတိုင်ခင်ယခင်နှစ်များက မူပိုင်ခွင့်ဟာအသာစီးနေရာမှာရှိခဲ့လို့ စီဒီတွေရောင်းပန်းလှခဲ့ရပါတယ်။ IFPIရဲ့ကိန်းဂဏန်းများကိုဆန်းစစ်တဲ့အခါမှာ အသင့်သွင်းထားတဲ့ CD လိုပစ္စည်းတွေရောင်းအားဟာ ၂၀၀၁လောက်ကစပြီး ၆၀ရာနှုန်းလောက်ကျဆင်းခဲ့ပါတယ် (၂၀၀၅ မှာ ရောင်းရတဲ့အရေအတွက်ဟာ ၃၄.၆သန်းလို့ဖော်ပြထားပါတယ်။) ဒီအတောအတွင်းမှတော့ ဒီစီရင်ချက်ဟာ ဥပဒေရေးရာတွေ ဥပဒေပြုသူတွေဦးနှောက်စားစရာ အချေအတင်ဖြစ်စရာဆိုတာအသေအချာပါဘဲ။ ပြီးတော့ လူ့မှုအဖွဲ့အစည်းဆိုင်ရာအယူအဆတွေပြောင်းလဲလာနိုင်ပြီး၊ တရားရုံးများ ဥပဒေပြုသူများကြားမှာ ပိုမိုအလေးထားဆောင်ရွက်ရမှာအသေအချာပါဘဲခင်ဗျား။
စာကြွင်း။ ။IFPI ဟာ နိုင်ငံတကာတေးထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
မူရင်း။ ။ http://www.digitalmusicnews.com/
'DD'
*****************************************************
“မြင်တွေ့မိတဲ့သတင်းတပုဒ်ကို နားလည်သလောက်ဘာသာပြန်တင်ပြခြင်းသာဖြစ်ပါတယ်ခင်ဗျာ”
Posted by ဒီးဒုတ် at 11/08/2006 11:47:00 AM 0 comments
ရယ်ရတဲ့ပုံတွေရလို့ဝေမျှလိုက်တယ်..
ကားပြတင်းပေါက်တွေကို အရောင်နဲ့ စတစ်ကာတွေကပ်ထားတယ်ထင်လို့..လတ်စသတ်တော့..ကိုနီဂရိုးများပါလား...
ဒါက..Animated gif ပုံလေး..ဖန်တီးတဲ့လူ..စိတ်ကူးအတော်ကောင်းဗျား
'DD'
Posted by ဒီးဒုတ် at 11/07/2006 03:39:00 PM 2 comments
Source: Netcraft Click to see clear picture.
Source: Netcraft Click to see clear picture.
၁၉၉၅ ဩဂုတ်လမှာ ဝဘ်ဆိုဒ် ၁၉၀၀၀ လောက်ဘဲရှိခဲ့ရာက ယခုဆိုရင် သန်း၁၀၀ကျော်ရှိနေပါပြီ။ အသေးစာစီးပွားရေးလုပ်ငန်းတွေ၊ ဘလော့ဂ်တွေ၊ စတာတွေကြောင့် ဒီလောက်မြန်မြန်တိုးပွားလာတာပါတဲ့။ တန်ဖိုးနည်း Domain name company များကြောင့်လည်းပါတယ်ပေါ့ဗျာ။ လွန်ခဲ့တဲ့တစ်လတာအတွင်းကလေးမှာတင် ၃.၅သန်းတိုးပွားလာတာပါ။
(Netcraft မှာကြည့်)
'DD'
Source: Netcraft.com
Posted by ဒီးဒုတ် at 11/06/2006 12:31:00 AM 0 comments
ဒီနေ့တီဗွီမှာသတင်းကြည့်နေရင်း ကြားဖြတ်သတင်းဝင်လာတာက “ဆက်ဒမ်ကို ကြိုးမိန့်ချလိုက်ပြီ” တဲ့။ (သွေးရူးသွေးတမ်းပုံစံမျိုးနဲ့ ဘုရားကိုတိုင်တည်နေသလိုမျိုး အော်ဟစ်နေတဲ့ ဆက်ဒမ်ကိုမြင်တွေ့ရတော့)စိတ်ထဲမကောင်းဖြစ်နေမိပါတယ်။ တချိန်က ဘုန်းမီးနေလတောက်လှပါတယ်လို့ကိုယ့်ကိုယ်ကို ထင်နေသူတစ်ယောက်ရဲ့ ကျဆုံးချိန်ဟာ ဒီလောက်ထိ ဆိုးရွားလှပါတယ်။ ကြိုးမိန့်သေဒဏ်ဆိုတာ အဆိုးဆုံး ပြစ်ဒဏ်ပါ။ အီရတ်နိုင်ငံတဝှမ်းက ရုပ်မြင်သံကြားစောင့်ကြည့်နေတဲ့ပြည်သူအများစုက ဒီသတင်းကိုလည်းကြားရော…ဘာပြောကောင်းမလဲ…လက်ခုပ်လက်ဝါးတီး အော်ဟစ်ကခုန်ကြပါရောလား။ (တချိန်က စုဝေးပွဲတွေမှာလည်း…ဆက်ဒမ်ရှေ့ကလူစုလူဝေးကြီးက ဒီလိုဘဲ လက်ခုပ်လက်ဝါးတီးကြိုဆိုခဲ့ပုံကို လည်းပြန်ပြပါသေးတယ်။… တိုင်းပြည်ကိုအာဏာနဲ့မတရားဖိနှိပ်အုပ်ချုပ်သူရဲ့ရလာဒ်ကို ထင်ဟပ်ပြချင်တဲ့သဘောနဲ့တူရဲ့..)။ ဘက္ကဒတ်မြို.သားတစ်ဦးက “ဒါ…သူနဲ့အထိုက်တန်ဆုံးပြစ်ဒဏ်ပေါ့” လို့ခပ်အေးအေးဘဲဆိုပါတယ်။
‘DD’
Posted by ဒီးဒုတ် at 11/05/2006 10:58:00 PM 0 comments
ဒီညနေ တီဗွီကြည့်ပြန်တော့လည်းဒီငါးကိစ္စပါဘဲလား။
(Australian Asia Pacific Network TV News)
သာမန် Hoax သတင်းလောက်တော့မဟုတ်တန်ရာတော့ဘူးထင်ပါတယ်။
အသက်ကြီးတာနဲ့အမျှ စားစရာ ပင်လယ်ငါးရှားပါးလာတော့မှာဗျ။
အခြားအကောင်ဗလောင်တွေလည်း ထိုနည်း၎င်းမဖြစ်လာဘူးလို့ မပြောနိုင်ဘူး။
အဓိက လူတွေအတွက် အာဟာရ ဖြစ်တဲ့ ရေငံငါးမျိုးတွေ ပျောက်ကွယ်သွားမယ့်ကိစ္စ။
အခု “CBSသတင်း”ဝဘ်ဆိုဒ်မှာတွေ့တာကလည်း...
(၂၀၄၈ခုနှစ်လောက်မှာတဲ့....အချိန်အတိအကျဆိုထား၏။)
UK မှာရှိတဲ့ Plymouthအဏ္ဏဝါဓါတ်ခွဲဌာနက သုတေသီ
“နီကိုလာဘူးမွန့်-Nicola Beaumont” ပြောတာက....
“ဒါဟာ နောင်ဘာဖြစ်လာမယ်ဆိုတာ ကြိုဟောကိန်းထုတ်တာမဟုတ်ဘူး...
ယခုမျက်မှောက်ဖြစ်နေတဲ့ကိစ္စဖြစ်တယ်လို့ ခပ်ရှင်းရှင်းဘဲဆိုသဗျ။”
ဒါပေမယ့်...ဒီကိစ္စကို မယုံကြည်သူတွေကလည်း အများအပြားပါဘဲ။
ယုတ္တိယုတ္တာရှိတဲ့ သက်သေပြချက်တွေမရှိသရွေ့မယုံနိုင်သေးဘူးလို့ဆိုကြပါတယ်။
ဘာဘဲဖြစ်ဖြစ်...ကိုယ့်ဥာဏ်နဲ့ကိုယ် ချင့်ချိန်စဉ်းစားကြည့်ကြပေါ့ဗျာ။
'DD'
Posted by ဒီးဒုတ် at 11/04/2006 12:19:00 AM 1 comments
ဘီဘီစီမှာဒီလို ရင်တုန်ပန်းတုန်ကိစ္စတွေ တွေ့ဘဲတွေ့နိုင်လွန်းတယ်။
လေ့လာတွေ့ရှိချက်တွေအရတဲ့ ဒီအတိုင်းဆက်သွားနေလို့ကတော့
ဒီရာစုနှစ်အလယ်လောက်မှာ (နောင်နှစ်ပေါင်း၅၀လောက်မှာ)
ပင်လယ်ငါးတွေ (အခြားရေသတ္တဝါတွေပါမယ်လို့တော့တိတိကျကျ
မပြောထားဘူး)မျိုးတုံးပျောက်ကွယ်တော့မယ်တဲ့။
(သူတို့ဘဲ ကြိုသိနိုင်လွန်းလိုက်ကြတာ...ဦးကဝိတို့ရယ်။ ဒို့ရွာမှာတော့
ဟိုဟာဒီဟာ တူးဆွရောင်းစားလိုက်...ဟိုအပင်ဒီအပင်ခုတ်ရောင်းလိုက်..
ဟိုဟိုဒီဒီ..ငါးလာဖမ်းခိုင်းလိုက်...ကုန်တယ်လို့မရှိဘူးဆိုဘဲ။)
“ဒီရာစုနှစ်ဟာ..ပင်လယ်စာစားသုံးမှု..နောက်ဆုံးရာစု” တဲ့ဗျ...
နည်းပညာတိုးတက်လာလို့...ပိုကြီးတဲ့သင်္ဘော..ပိုကောင်းတဲ့ပိုက်တွေ..
စက်ကိရိယာတွေနဲ့ ဖမ်းတာတောင် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ
ငါးရရှိမှုသိသိသာသာကျဆင်းလာတယ်ဆိုတာကို ကိန်းဂဏန်းတွေ
ပုံကားချပ်တွေနဲ့ ရှင်းထားသေးသဗျ။
တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့သမုဒ္ဒရာမျိုးစိတ်ကွဲတွေကို မပျောက်ပျက်
အောင်ကာကွယ်စောင့်ရှောက်ကြပါလို့ပြောထားပါသေးတယ်။
နောင်လာနောင်သားတွေ Seafood စားနိုင်အောင် ခုထဲက ဘာတွေလုပ်ကြမလဲ။
အများကြီးဆက်မရှင်းပြတတ်တော့ဘူးဗျာ...စိတ်ဝင်စားရင်တော့
*ဒီမှာသွားဖတ်*ပါ။ အခုတော့ တော်တော်စိတ်ညစ်သွားပြီဗျို့။
'DD'
Posted by ဒီးဒုတ် at 11/03/2006 04:09:00 PM 2 comments
ဘလော့ဂါဆိုဒ်ကလည်း ခုတလော တက်လိုက်ကျလိုက်…ဒီတစ်ခေါက်တော့
ပုံတွေတင်မှာဆိုတော့ ဆိုဒ်လေးမှာစိုးလို့ ပြီးခဲ့တဲ့ပို့စ် (ဗွီဒီယို) ကိုပြန်ဖယ်လိုက်တယ်။ အခုဟာက ယောက်ျားလေးတွေသတိထားစရာပါခင်ဗျား။ ချောချောလှလှ လေးတွေတွေ့တိုင်းမခံစားမိခင် အရင်လေ့လာ…နော။ နည်းပညာတိုးတက်တဲ့ခေတ်ကြီးပေကိုး။
Posted by ဒီးဒုတ် at 11/03/2006 12:56:00 PM 4 comments